SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ်းရိုးတန်း အရှည် ကီလိုမီတာ ၂၈ဝဝ ကျော်ကို Marine Tourism ပြုလုပ်ပါက ပိုမို အကျိုးရှိ လာနိုင်

Wednesday, 16 August 2017 09:39 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်   သြဂုတ်   ၁၅

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း အရှည်ကီလိုမီတာ ၂၈ဝဝ ကျော်ပိုင်ဆိုင်ထားသည့်အတွက် ခရီးသွားလာမှု အကောင်းဆုံးနှင့် စိတ်ဝင်စားမှု အကောင်းဆုံး ကမ်းရိုးတန်း ဒေသများကို အဏ္ဏဝါ ခရီးသွားလုပ်ငန်း (Marine Touri sm) အဖြစ်ပြုလုပ်ပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိလာနိုင်မည် ဖြစ်ကြောင်း မော်လမြိုင် တက္ကသိုလ် အဏ္ဏဝါ သိပ္ပံဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စံသာထွန်းထံမှ သိရသည်။

''ကမ်းရိုးတန်း အရှည်ကီလိုမီတာ ၂၈ဝဝ ကျော်ပိုင်တဲ့ နိုင်ငံဖြစ်လို့ အဲဒီဒေသတွေကို လူတွေက စိတ်ဝင်စားမှု ပိုများ တယ်။ ဒါကြောင့် Marine Tourism တွေလုပ်ရင် ပိုပြီးအကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်'' ဟုပါမောက္ခ ဒေါက်တာ စံသာထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ကမ်းခြေဒေသရှိ သဘာဝ ရေပေါ်ရေအောက် အလှအပများကို ပြည်တွင်းပြည်ပ ခရီးသွားများ လေ့လာကြည့်ရှုရန်နှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည့်  Marine Tourism ကို ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း Marine Tourism Working Group အဖွဲ့ခေါင်းဆောင် ဒေါ်သင်းသင်းအောင်က ပြောသည်။

Read 421 times Last modified on Wednesday, 16 August 2017 09:40