SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ စွန့်ဦးတီထွင် စွမ်းဆောင်မှု သင်တန်း ဖွင့်လှစ်မည်

Wednesday, 16 August 2017 09:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၅

EDNA Myanmar နှင့် DSMED (Department of Small and Medium Enterprises Development) တို့ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ စွန့်ဦးတီထွင် စွမ်းဆောင်မှုသင်တန်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း DSMED တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

''အခုသင်တန်းကို ခြောက်လ တက်ရောက်ရမှာဖြစ်ပြီး တစ်ပတ်ကို တစ်ရက် သုံးနာရီနှုန်းနဲ့ သင်ကြားပေးမှာပါ။ သင်တန်းစင်တာတွေရှိတဲ့ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေ သကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊နဲ့ နေပြည်တော်တို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်း တက်ရောက်လိုသူတွေ အနေနဲ့ လျှောက်လွှာတွေကို အခမဲ့ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

အဆိုပါ သင်တန်း၌  သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး အာရှစွန့်ဦးတီထွင် စီးပွားရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးမှု ကွင်းဆင်းသုတေသန ပြုပုံများနှင့် ဆက်စပ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းမိတ် ဖက် အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ အကြံပြုချက်များဖြင့် ပြုပြင်ထားသော သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

Read 495 times Last modified on Wednesday, 16 August 2017 09:44