SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်နိုင်ငံက ပြည်တွင်းပန်း အစိုတင်သွင်းရန် ကမ်းလှမ်းမှုတွင် နှင်းဆီပန်းကို ပိုမိုစိတ်ဝင်စား

Wednesday, 16 August 2017 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၅

 မြန်မာနိုင်ငံမှ ပန်းအစိုများကို အဆင့်မြင့်နည်းပညာဖြင့် တာရှည်ခံအောင် ပြုလုပ်၍ ဂျပန်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရန် ဂျပန်ကုမ္ပဏီ တစ်ခုက ကမ်းလှမ်းမှုများ ရှိလာပြီး နှင်းဆီပန်းကို ပိုမိုစိတ်ဝင်စားမှုရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ထံမှ သိရသည်။

ဂျပန်နိုင်ငံ Life Plus Myanmar Inc.မှ Francis Takuto Inchihara Manager နှင့် ASG Bancrop Myanmar Limited မှ Director တို့သည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းသို့ လာရော က်ပြီး ဂျပန်နိုင်ငံဈေးကွက်အတွက် MFVP နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမှ ပန်းအစို များကို အဆင့်မြင့် နည်းပညာဖြင့် တာရှည်ခံအောင် ပြုလုပ်ပြီး ဂျပန်နိုင်ငံ ဈေးကွက်သို့ တင်ပို့လိုကြောင်း၊ Micro  Finance နှင့်ချိတ်ဆက်၍ ပန်းစိုက်ပျိုးသူများအား နည်းပညာနှင့်သွင်း အားစုများ ပံ့ပိုးပြီး ဂျပန်နိုင်ငံ ဈေးကွက်သို့ ပြန် လည်ဝယ်ယူတင်ပို့လိုကြောင်း၊ ပန်းမျိုးစုံသာမက MFVP မှ တခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုလည်း အကျိုးတူ စိုက်ပျိုး၍ ဂျပန်နိုင်ငံသို့ တင်ပို့လိုကြောင်း ဆွေးနွေးခဲ့သည်။

''အဓိကက သရက်နဲ့ ပတ်သက်တာကို ဆွေးနွေးတယ်။ နောက်တစ်ခုက နှင်းဆီပန်းတွေကို သူတို့က ဂျပန်နည်းပညာနဲ့ တာရှည်ခံအောင်လုပ်ပြီး ဂျပန်နိုင်ငံကို ပြန်ပို့ဖို့ကိစ္စတွေ ဆွေးနွေးကြတာပါ။  အဲဒီပန်းတွေကိုလည်း သူတို့က အကျိုးတူ စိုက်ပျိုးတဲ့ပုံစံနဲ့ ငွေကြေးပံ့ ပိုးပေးပါမယ်။ သူတို့စိုက်ခိုင်းပြီးတော့ သူတို့ပြန်ဝယ်ယူမယ်ဆိုတဲ့ သဘောပေါ့။ အဲဒါကို ဆွေးနွေးတာပါ။ ဘယ်ဒေသတွေမှာ စိုက်မလဲဆိုတာကိုတော့ မသိသေးပါဘူး။ ကျွန်တော်တို့က ပန်းစိုက်ပျိုးသူတွေဘက်ကို ချိတ်ဆက်ပေးပါမယ်''ဟု ဦးစိုးသန်းမင်းဒင်က ပြော သည်။

Read 448 times Last modified on Wednesday, 16 August 2017 09:50