SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ယခုဘဏ္ဍာနှစ် သြဂုတ် ပထမပတ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃ ဒသမ ၆၇၇ ဘီလီယံကျော်ရှိ

Wednesday, 16 August 2017 09:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၅

ယခုဘဏ္ဍာနှစ် သြဂုတ် ပထမပတ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၇ ဘီလီယံကျော်အထိ ဝင်ရောက်ထားရာ ယခုနှစ်အတွက် လျာထားချက်၏  ထက်ဝက်ကျော်အထိ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ သြဂုတ် ပထမပတ်အထိ လုပ်ငန်းပေါင်း ၁၁၂ ခု ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅၂ ဘီလီယံခန့်ရှိကြောင်း သိရသည်။ မူလခွင့်ပြုထားပြီး လုပ်ငန်းများမှ  ယခုဘဏ္ဍာနှစ်အတွင်း ထပ်မံတိုးမြှင့်ရင်းနှီး မြှုပ်နှံသည့်ပမာဏနှင့် သီလဝါ အထူးစီးပွားရေးဇုန်၌ ယခုနှစ်အတွင်း ခွင့် ပြုပေးထားသည့် လုပ်ငန်းများအပါအဝင် မြန်‌မာနိုင်‌ငံရင်းနှီး မြှုပ်‌နှံမှုကော်‌မရှင်‌မှ ယခုနှစ်အတွင်း ခွင့်ပြုပေးထားသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၆၇၇ ဘီလီယံကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။

ယခုဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်အ ထိရောက်ရှိခဲ့ပြီးဖြစ်ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်မှာ ဝင်ရောက်မှု အားကောင်းသည်ဟု ဆိုနိုင်‌ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်း နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းကျော်တွင်ရှိပြီး စင်ကာပူနိုင်ငံက စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိ ယ၊ ထိုင်းနိုင်ငံက စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၅ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။ ထို့ပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၆  ဘီလီ ယံခန့်ဝင်ရောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လျာထား လုပ်ဆောင်နေ‌ကြောင်း သိရသည်။

Read 471 times Last modified on Wednesday, 16 August 2017 09:54