SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ ကျင်းပ

Wednesday, 16 August 2017 10:09 font size decrease font size decrease font size increase font size increase font size

ရွှေကူ     သြဂုတ်    ၁၅

ကချင်ပြည်နယ် ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေ ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးေ ရးနှင့် ဆင်းရဲမှု လျှော့ချရေးတို့အတွက် ယခုလိုအပ်ချုပ်စက် သင်တန်းဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း၊ သင်ကြားပေးသည့် အပ်ချုပ်စက် နည်းပညာများကို အမှန်တကယ် တတ်မြောက်အောင် သင်ကြားသွား ကြရန်နှင့်  လက်တွေ့နယ်ပယ်တွင် အသုံးပြု လုပ်ကိုင်နိုင် သည်အထိ ကြိုးစားသင်ယူသွားကြရန် လိုကြောင်းရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ကျေးလက်နေ ပြည်သူများမှ သင်တန်းသူ ၅ဝ ဦးတက်ရောက်ကြပြီး အမျိုးသမီးဝတ် လုံချည်၊ အက်ႌ၊ စကပ္မ်ား၊ အမ်ိဳးသား ဝတ္ရွပ္အက်ႌမ်ား ချုပ်လုပ်သည့် နည်းပညာများ သင်ကြားပေးမည်ဖြစ်ကာ သင်တန်း ကာလမှာ သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ တစ်လကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Read 487 times Last modified on Wednesday, 16 August 2017 10:10