SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

Wednesday, 16 August 2017 10:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၅  

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အဆိုပြုလွှာများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးခွဲကို အောက်တိုဘာလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း   မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ သိရသည်။

''ကျွန်တော်တို့ MIC ရုံးခွဲဖြစ်တဲ့ DICA ရုံးခွဲတွေ ဖွင့်နေတာရှိပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရုံးခွဲထပ်ဖွင့်လှစ်ဖို့ ကျန်ပါတယ်။ အဲ့ဒီရုံးခွဲကို ကျွန်တော်တို့ အခုလာမယ့် စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ အပြီးပြတ် ဆက်လက် ဖွင့်သွား မှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာန၌ ရင်းနှီးမြှုပ် နှံမှု အဆိုပြုလွှာများကို စိစစ်ခွင့်ပြုပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ပါဝင်သည့် ရင်းနှီး မြှုပ်နှံမှု ကော်မတီများကို ဖွဲ့ စည်းထားပြီးဖြစ်ကြောင်း သိရသည်။ ''မကြာခင်ကာလအတွင်းမှာ ကျွန်တော်တို့ DICA ရုံးခွဲတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အားလုံးဖွင့်လှစ်ပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ ဖွင့်လှစ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ ရုံးချုပ်မှာရှိတဲ့ အရာထမ်း၊ အမှုထမ်းတွေက  သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ရင်းနှီးမြှုပ်နှံမှု ကော်မတီလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါ လွယ်ကူချောမွေ့စေဖို့ လိုအပ်တာတွေကို အနီးကပ်ကူညီ ပေး သွားမှာ ဖြစ်ပါတယ်''ဟုဦးအောင်နိုင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ(၂၇) အရရင်းနှီးမြှုပ်နှံမှုများကို လုပ်ပိုင်ခွင့်ခွဲဝေ သတ်မှတ်ပေးနိုင်ရန် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ရင်းနှီးမြှုပ်နှံမှု မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် ငွေကျပ်သန်း ၆ဝဝဝ အထိခွင့်ပြုပေးနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးခွဲပေါင်း ၁ဝ ခု ကျော်ဖွင့်လှစ်ထားပြီး ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်း ဒေသ ကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Read 455 times Last modified on Wednesday, 16 August 2017 10:18