SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းဖွင့်

Wednesday, 16 August 2017 10:21 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင်   သြဂုတ်  ၁၅

လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁၂) စက်မှု လယ်ယာစခန်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဆန်းအောင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း အောက်မြန်မာပြည်မှ ကျောင်းအုပ်ကြီး ဦးလှဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က သင်တန်းသားများသို့ သင်ထောက်ကူ စာရွက်စာတမ်းများ ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူသည်။ အဆိုပါ သင်တန်းတွင် ညောင်လေးပင် မြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ သင်တန်းသား ၅၃ ဦးကို ၁၂ ရက်ကြာ စာတွေ့လက် တွေ့သင်ကြားပြသပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး၊ တိုင်းဒေသကြီး/ ခရိုင် အဆင့်ဌာ နဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုလယ်ယာ ဗဟို သင်တန်းကျောင်း အောက်မြန်မာပြည်မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား များတက်ရောက်ကြောင်း သိရ သည်။

Read 439 times Last modified on Wednesday, 16 August 2017 10:22