SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တိုင်းရင်းဆေးဝါး ဥပဒေအရ တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းရှိ မရှိစစ်ဆေး

Wednesday, 16 August 2017 10:23 font size decrease font size decrease font size increase font size increase font size

မြန်အောင် သြဂုတ် ၁၅

တိုင်းရင်းဆေးဝါး ဥပဒေအရ တားမြစ်ထားသော တိုင်းရင်းဆေးဝါး များရောင်းချခြင်း ရှိ၊ မရှိကို ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များ၌ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်အောင်မြို့နယ် တိုင်းရင်းဆေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသီခိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဇော်မျိုးထိုက်၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးမှူး ဦးညွန့်ရွှေနှင့် တာဝန်ရှိသူတို့က မြန်အောင်မြို့ နေခြည်ဈေးအတွင်းရှိ ဆေးဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ဆေးဆိုင်များ၌ တိုင်းရင်းဆေးဝါး ဥပဒေအရ ရောင်းချခြင်း မပြုရန် တားမြစ်ထားသည့် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါး၊ မှတ်ပုံတင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားသော တိုင်းရင်းဆေးဝါး၊ ပျက်စီးတိုင်းရင်းဆေးဝါး၊ သုံးစွဲရန် မသင့်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော တိုင်းရင်းဆေးဝါး တို့ကို ရောင်းချခြင်း မပြုလုပ်ရန်   အသိပညာ ပေးခြင်းနှင့်  စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

Read 480 times Last modified on Wednesday, 16 August 2017 10:24