SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ အတွက် CI ထုတ်ပေးရေး စင်တာများ တိုးချဲ့ဖွင့်လှစ်မည်

Thursday, 03 August 2017 16:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန်      သြဂုတ်    ၂

ထိုင်းနိုင်ငံရှိ  အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အလုပ်လုပ် ကိုင်ခွင့် လက်မှတ်အထောက်အထားများ ပြုလုပ်ပေးရန် သက်သေခံ လက်မှတ်(CI) ထုတ်ပေးရေးစင်တာများ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း  အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်ထံမှ သိရသည်။

ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အပါအဝင် တခြားသော နိုင်ငံ ရောက်အလုပ်သမားများအတွက်လည်း အထောက်အထားများ ထုတ်ပေးနိုင်ရန်  ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ  မြို့နယ်ပေါင်း ၁၁ ခု၌  အလုပ်သမား စိစစ်ရေးဌာနပေါင်း ၉၉ ခုဖွင့်လှစ်၍ ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၈ ရက်အတွင်း စာရင်းများ ကောက်ယူလျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား ၁၈ဝဝဝဝ ကျော်  စာရင်းပေးသွင်းထားပြီး  စာရင်းကောက်ယူပြီးစီးပါက သက်သေခံ လက်မှတ် (CI ) အထောက်အထား ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်သေခံလက်မှတ် (CI  ) ထုတ်ပေးရေး စင်တာများ တိုးချဲ့ဖွင့်လှစ်၍ ထိုင်းနိုင်ငံ အလုပ်သမား ရှာဖွေနေရာချထားရေးရုံးသို့ မြန်မာအလုပ်သမားဦးရေ  ၁၁ဝ၂၆၁  ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ အလုပ်သမားဦးရေ ၄၇ဝ၂၆ ဦး၊ လာအိုနိုင်ငံမှ အလုပ်သမား ဦးရေ  ၂၆၂၉၃ ဦး တို့အား အထောက်အထားများ ထုတ်ပေးမည်ဖြစ်သည်။

CI  စာအုပ်များပြုလုပ်ရန် စာအုပ်ဖိုးကို  7 Eleven  စတိုးဆိုင်တို့၌ သွားရောက် ပေးသွင်းရမည်ဖြစ်ပြီး ငွေပေးသွင်းပါက ငွေသွင်းပြေစာယူ၍  CI ထုတ်ပေးရေး စင်တာများ၌ ဆောင်ရွက်ရမည်ဖြစ်သည်။  CI  ထုတ်ယူသူများအား ကျန်းမာရေး စစ်ဆေးမှု၊  ဗီဇာ၊ Work Permit ပြုလုပ်မှုများကို တစ်နေရာတည်း One Stop Service ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်သည်။

CI ကျန်းမာရေး ဦးစီးဌာန၊  လူဝင်မှုကြီးကြပ်ရေး ဌာနများမှ တစ်ပြိုင်နက်တည်း ရုံးထိုင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး  ဗီဇာသက်တမ်း အနေဖြင့်  ယခု CI စာအုပ် လုပ်ဆောင်နေသော ပန်းရောင်ကတ် ကိုင်ဆောင်သည့် အလုပ်သမားတိုင်း ၂ဝ၁၈ ခုနှစ်  မတ် ၃၁ ရက်အထိ   ထိုင်းဗီဇာပေးမည် ဖြစ်ကြောင်း သိရသည်။   

Read 482 times Last modified on Friday, 04 August 2017 08:59