SJ WorldNews - шаблон joomla Авто

လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၇) ကျင်းပ

Thursday, 03 August 2017 16:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၂

လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူ ကုန်ကူး ခံရသူများအား အကာအကွယ်ပေး ရေးလုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ လူကုန်ကူး ခံရသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ရှာဖွေရေးနှင့် ကြီးကြပ်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၇)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရန်ပုံငွေ ရှာဖွေရေးနှင့် ကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂ဝ၁၇)၏ အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်မှုအခြေ အနေများအား လုပ်ငန်းအဖွဲ့ဝင်များ၊ ကော် မတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် တင်ပြဆွေးနွေးခြင်းနှင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ လူကုန်ကူးမှုများ လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှုများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဆွေး နွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးသည်။အစည်းအဝေးသို့  လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ရှာဖွေရေးနှင့် ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် လုပ်ငန်း အဖွဲ့ဝင်များ၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 378 times Last modified on Friday, 04 August 2017 08:59