SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရားဝင်ဖွဲ့စည်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီမှအပ အစုရှယ်ယာ ရောင်းချနေသော ကုမ္ပဏီ များကို အရေးယူမည်

Thursday, 17 August 2017 09:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၆

 ပြည်တွင်းရှိ ကုမ္ပဏီတချို့သည် နိုင်ငံသားများအား အကြောင်း အမျိုးမျိုးဖြင့် မက်လုံးပေးပြီး ငွေကြေးရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းမီဒီယာ များမှတစ်ဆင့် အစုရှယ်ယာ ရောင်းချခြင်းများ၊ အစုရှယ်ယာ ဝယ်ယူရန် ဖိတ်ခေါ်ခြင်း၊ တရားမဝင် နည်းလမ်းများဖြင့် ငွေကြေးရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါက သက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''ကုမ္ပဏီတွေ အနေနဲ့ ရောင်းချခွင့်မရှိဘဲ အများပြည်သူကို အစုရှယ်ယာတွေ ထုတ်ရောင်းနေတာ ရှိပါတယ်။ ဒါတွေကို အများပြည်သူတွေ အနေနဲ့ မသိဘဲ ဝယ်နေတာတွေ ရှိပါတယ်။ အခုလို ရောင်းချခွင့် မရှိဘဲ ရောင်းချနေတာတွေက ဥပဒေနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် ရောင်းချခွင့် မရှိဘဲ ရောင်းနေရင်တော့ ဥပဒေ ဖောက်ဖျက်တာဖြစ်လို့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အညီ အရေးယူမှာပါ''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီလာမူက ပြောသည်။ အစုရှယ်ယာများကို အများနှင့် ဆိုင်သော ကုမ္ပဏီ များမှသာ ရောင်းချခွင့်ရှိပြီး ရောင်းချခွင့် မရှိသည့် ကုမ္ပဏီများမှ ရောင်းချနေကြ ခြင်းကြောင့် ရှယ်ယာများကို ဝယ်ယူမိသော အများပြည်သူအား တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်မလာစေရန် အများပြည်သူသို့ ကြိုတင်အသိပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ အဖြစ် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကုမ္ပဏီ ၅၅ ခုသာရှိပြီး ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီ ၅၅ ခုမှသာ အစုရှယ်ယာများ ရောင်းချခွင့် ရှိမည်ဖြစ်ပြီး ကျန်သည့် ကုမ္ပဏီများမှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း၊ အစုရှယ်ယာ ရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများ ရှိလာပါကလည်း ကုမ္ပဏီများ စာရင်းကို ဆက်လက် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

Read 362 times Last modified on Thursday, 17 August 2017 09:36