SJ WorldNews - шаблон joomla Авто

ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

Tuesday, 09 January 2018 12:22 font size decrease font size decrease font size increase font size increase font size

မိုးကောင်း ဇန်နဝါရီ 

ဇန်နဝါရီ ၁ဝ ရက်တွင် ကျရောက်မည့် နှစ်(၇ဝ)ပြည့် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် မိုးကောင်းမြို့အရှေ့ရပ်  မြို့လယ်စေတီ အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် XKAMAX ဆိုင်ကယ်အရောင်း ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာ ဦးမောင်ထွန်း တို့က အမှာစကားပြောကြားပြီး နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများက ကွင်းအတွင်းအလှပြ ပိုက်ကျော်ခြင်းကစားပြကြသည်။

ထို့နောက် ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီးနှင့်    မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား ၃ဝဝ ကျော်တက်ရောက်ပြီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း၂၁ သင်းက ဇန်နဝါရီ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 315 times Last modified on Tuesday, 09 January 2018 12:23