SJ WorldNews - шаблон joomla Авто

မော်လမြိုင်ကျွန်းမြို့ရှိ ယမုန်နာတာလမ်း ရေတိုက်စားခံရပြီး လူနေအိမ်များ ရေထဲသို့ပြိုကျမျောပါ

Tuesday, 09 January 2018 12:26 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း   ဇန်နဝါရီ  

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ အမှတ်(၉)ရပ်ကွက် ယမုန်နာတာ လမ်းမကြီးမှာ ရေစီးကြမ်းသော အနောက်တုံးလှဲချောင်းမြစ်ရေ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့်ပေ ၁ဝဝဝ ကျော်ရှည်လျားသည့် ယမုန်နာတာလမ်းမကြီး တစ်ခုလုံး လမ်းပျောက်သွားပြီး ယင်းလမ်းကို မျက်နှာမူဆောက်လုပ်ထားသော လူနေအိမ်များ ရေထဲသို့ပြိုကျမျောပါသွားကြောင်း  သိရသည်။

ယခုအချိန်အထိ  အနောက်တုံးလှဲချောင်း မြစ်ရေတိုက်စားမှုကြောင့် ယမုန်နာတာ လမ်းမကြီးကို  မျက်နှာမူဆောက်လုပ်ထားသော လူနေအိမ် ၂၉ လုံး ရေတိုက်စားခံရပြီး အိမ်ခြေ ၁၉ လုံးပြိုကျကာ ရေထဲသို့ မျောပါသွားသည်။

အဆိုပါ အနောက်တုံးလှဲချောင်းမြစ် တစ်ဆက်တည်းရှိသော စော်ကဲချောင်းမြစ်နှင့် ထီလေးသိမ်ချောင်းတို့၌  ဇန်နဝါရီလတွင် မြစ်ရေတိုးသဖြင့် ကျန်ရှိသော ယမုန်နာလမ်းရှိ အိမ်ခြေ ၁ဝ လုံးသည် အနောက်တုံးလှဲချောင်းမြစ်ရေ  ဆက်လက် တိုက်စားလျက် ရှိသောကြောင့် အိမ်ခြေများပြိုကျလျက်ရှိကာ တစ်အိမ်နှင့်တစ်အိမ် ကူးသန်းသွားလာလိုလျှင် မြစ်ကမ်းစပ်၌ ဝါးတံတားထိုး သွားလာနေရသဖြင့် အချိန်မရွေး အန္တရာယ်ရှိနိုင်သည်။

မော်လမြိုင်ကျွန်းမြို့   အနောက်ဘက်မြို့မျက်နှာစာ   ယမုန်နာတာလမ်းမကြီးနှင့် တောင်ဘက်  မြို့မျက်နှာစာ ၁၅ လမ်းမကြီးတို့ကို  ကမ်းဆည် တည်ဆောက်ပေးရန်နှင့် မြို့မျက်နှာစာ မြို့ပတ်လမ်းများ ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက   လိုလားနေကြကြောင်း သတင်း ရရှိသည်။  

Read 286 times Last modified on Tuesday, 09 January 2018 12:27