SJ WorldNews - шаблон joomla Авто

မိုင်းဖြတ်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး မွေးမြူရေး သင်တန်းဖွင့်လှစ်

Thursday, 03 August 2017 16:07 font size decrease font size decrease font size increase font size increase font size

မိုင်းဖြတ်  သြဂုတ်  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု   စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းဖွင့်လှစ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်ခမ်း က မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်    ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊  မွေးမြူရေး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွဋ်လွင် နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာမျိုးနိုင်ဝင်း တို့က သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး  ဦးရှောလမွန် က အသိပညာဖြင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ပုံများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မိုင်းဖြတ်မြို့ နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ သင်တန်းသား၊ သင်တန်းသူ ၂ဝ ဦး တက်ရောက်ကြပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ (GAP)၊ သီးနှံကာကွယ်ရေး၊ မြေအသုံးချရေး၊ မျိုးစေ့နည်းပညာများ၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျမွေးမြူနိုင်ရေးနှင့်   ကုသရေး နည်းပညာများ စသည့်ဘာသာရပ်များကို သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 592 times Last modified on Friday, 04 August 2017 08:59