SJ WorldNews - шаблон joomla Авто

ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

Friday, 19 January 2018 09:21 font size decrease font size decrease font size increase font size increase font size

ဘုတလင်  ဇန်နဝါရီ  ၁၈

ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပသည်။

ကဗျာရွတ်ပြိုင်ပွဲတွင် ဆရာကြီးမင်းသုဝဏ် ရေးသားသည့် ဥပုသ်စောင့်၊ ပန်းသည်၊ တို့ကောင်းမှုနှင့်တူထုသံ၊ ကိုဥသြ၊ စင်ရော်ငှက် ကလေးဘယ်ကလာ  စသည့်ကဗျာများကိုလည်းကောင်း၊   ပုံပြောပြိုင်ပွဲတွင်  သူ့ မကောင်းကြံ ကိုယ်သာခံ၊ အနာဂတ်ရဲ့ကြယ် ပွင့်လေး၊ မောင်ကံကောင်း၊ ထက်မြက်ရိုးသားသော သားအဖသုံးဦး၊ ကျွမ်းကျင်မှု အစ လေ့ကျင့်မှုက စသည့်ပုံပြင်များကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ် ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများသို့ ဘုတလင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းငါးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၄ ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။    ဇော်ဖြိုး

Read 320 times Last modified on Friday, 19 January 2018 09:26