SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Thursday, 24 August 2017 11:02 font size decrease font size decrease font size increase font size increase font size

နတ်မောက်  သြဂုတ်  ၂၃

ရာသီတုပ်ကွေးရောဂါ H1N1  ကြိုတင်ကာကွယ်ခြင်း၊ ရောဂါဖြစ်ပွားမှုထိန်းသိမ်းခြင်း နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီတွင် နတ်မောက် မြို့မဈေးကြီး အတွင်း၌    ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီ ရေး အသင်း ဥက္ကဋ္ဌ ဦးဥာဏ်ရှိန်က စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီရေး အသင်းအနေဖြင့် နတ်မောက်မြို့ နယ်အတွင်း ရှိပြည်သူများ ရာသီတုပ်ကွေးရောဂါ H1N1 မဖြစ်ပွားစေရေးနှင့် အခြား ကူးစက်ရောဂါများထိန်းချုပ်နိုင်ရေးတို့အတွက် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။

နတ်မောက်မြို့နယ်   စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီရေး အသင်းနှင့်အတူ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာ ရေးဝန်ထမ်း များ၊ နတ်မောက်မြို့ နယ်အတွင်းရှိ ပရဟိတအသင်းများနှင့် မြို့သစ်မြို့နယ် ဓမ္မကျောင်းတော်အဖွဲ့တို့က ပြည်သူများထံသို့ နှာခေါင်းစည်းနှင့် ရာသီတုပ် ကွေးအ ကြောင်းသိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့် ဝေပေးကြကြောင်း သိရသည်။

Read 307 times Last modified on Thursday, 24 August 2017 11:04