×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

စိုက်ပျိုးရေး လုပ်ငန်းများ အသိ ပညာပေး

Thursday, 24 August 2017 11:09 font size decrease font size decrease font size increase font size increase font size

ချောက်  သြဂုတ်  ၂၃

စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းတောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို မကွေး တိုင်း ဒေသကြီး ချောက်မြို့နယ် ထိန်စမ်းကျေးရွာအုပ်စု ထိန်စမ်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲတွင်တိုင်းပိုးမွှားတာဝန်ခံ ဒေါ်မော်မော်ဝင်းက သီးနှံဖျက် ပိုးရော ဂါများအကြောင်း၊ ဘက်စုံပိုးမွှားများကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အကြောင်း နှင့်ပိုး သတ်ဆေးကို စနစ်တကျ အသုံးပြုရေး လုပ်ငန်းများအကြောင်း အသိပညာပေးခြင်း၊ တိုင်းမျိုးစေ့ တာဝန်ခံ ဒေါ်မီမီချိုက နှမ်းနှင့်မြေပဲမျိုးကောင်းမျိုးသန့်များ၏အရည်အချင်းလက္ခဏာများ၊ မျိုး ကောင်းမျိုးသန့်အသုံးပြုနိုင်ရေး လုပ်ငန်းများ အကြောင်း ကို လည်းကောင်း၊တိုင်းမြေ အသုံး ချရေးတာဝန်ခံ  ဒေါ်ခင်မာသန်းက သီးနှံပင်များ၊အတွက် လိုအပ်သောအာဟာရဓာတ်များ၊ သဘာဝမြေသြဇာအသုံးပြုနိုင်ရေး၊ မြေဆီလွှာ ထိန်းသိမ်းရေး လုပ်ငန်းများ အကြောင်း ကိုလည်း ကောင်း၊ မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းလွင်က စိုက်ပျိုးရေးဆိုင်ရာ    အလေ့ အကျင့်ကောင်းများအကြောင်းကိုလည်းကောင်းအသီးသီး အသိပညာ ပေးဆွေး နွေးကြ သည်။

ထိုသို့   အသိပညာပေး ဆွေးနွေးရာတွင် တောင်သူများ အနေဖြင့် စိုက်ပျိုးရေးနည်း လမ်း ကောင်းများနည်းစနစ်မှန်ကန်စွာအသုံးပြုလာနိုင်ကာသီးနှံများအထွက်နှုန်းတိုး၍ အကျိုးထိ ရောက်မှုဖြစ် စေမည်ဖြစ်ကြောင်းနှင့် အသိ ပညာပေးဆွေးနွေး ပွဲသို့ တောင်သူ ၁၁၂ ဦး တက် ရောက် ကြောင်း သိရသည်။

Read 323 times Last modified on Thursday, 24 August 2017 11:11