SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆဋ္ဌမအကြိမ်မြောက် မဲခေါင်ဒေသ လေကြောင်းသွားလာမှုစီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Thursday, 24 August 2017 11:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်  ၂၃

မြန်မာနိုင်ငံ၌    အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မဲခေါင်ဒေသ လေ ကြောင်း သွားလာမှု စီမံခန့်ခွဲရေး ညှိနှိုင်းအစည်းအဝေးကို

သြဂုတ် ၂၃ ရက်မှ ၂၄ ရက်အထိ  ရန်ကုန်မြို့  ချက်ထရီယံ ဟိုတယ်၌ ကျင်းပလျက်ရှိကြောင်း သိရသည်။ ယင်းအစည်းအဝေးများသည်  မဲခေါင်ဒေသ လေကြောင်းသွားလာ မှုစီမံခန့်ခွဲရေး အဖွဲ့ ဝင်နိုင်ငံများ အနေဖြင့်  နိုင်ငံအလိုက် တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ အဆိုပါ အစည်း အဝေးတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်  (လေ ကြောင်း ထိန်းသိမ်းစစ်ဆေးရေး)က ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်သည်။ အစည်းအဝေးတွင် မဲခေါင် ဒေ သအဖွဲ့ဝင်နိုင်ငံများမှ မြို့ပြလေကြောင်းအာဏာပိုင် အဖွဲ့အစည်း ကိုယ်စား လှယ် များ၊ လေကြောင်းလိုင်းကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ IATA    မှ  တာဝန်ရှိ သူများ နှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင်  မဲခေါင်ဒေသနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် Airline and Air Space Userများကြား လေကြောင်း လမ်းညွှန် ထိန်း သိမ်းရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများညှိနှိုင်းခြင်း၊ မဲခေါင်ဒေသအတွင်း လေယာဉ်ပျံ သန်းမှုတစ်ပြေးညီအဆင်ပြေချောမွေ့စေရေး၊  လေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ၊  လေကြောင်းဘေး အန္တရာယ်ကင်းရှင်းရေး စီမံချက်များ၊ မဲခေါင်ဒေသအတွင်းလေကြောင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို တက်ရောက်လာကြသော ကိုယ်စား လှယ် များ က ရင်းနှီးပွင့် လင်း စွာဆွေးနွေးကြကြောင်း သိရသည်။

Read 302 times Last modified on Thursday, 24 August 2017 11:54