SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပြည်တွင်းခရီးသွား လုပ်ငန်းများကို ယာယီ အသိအမှတ်ပြု လိုင်စင်များ ထုတ်ပေးမည်

Saturday, 26 August 2017 09:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၅

ပြည်တွင်းခရီးသွား လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်နှစ် သက်တမ်းရှိ ယာယီ အသိအမှတ်ပြု လိုင်စင်များ ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းမှ သိရသည်။

တစ်နှစ်သက်တမ်း ယာယီ အသိအမှတ်ပြု လိုင်စင်လျှောက်ထားမည့် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်း၏ ထောက်ခံချက် ရယူရန် လိုအပ်ပြီး ငွေကြေး အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားများ ရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ '' ကုမ္ပဏီ ထူထောင်ထားတာ မဟုတ်ဘဲ ယာယီအားဖြင့် လိုင်စင်တစ်ခု အနေနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကနေ ထုတ်ပေးဖို့ စီစဉ်နေတယ်။ ဒီလကုန် နောက်လလောက် လိုင်စင်ရတော့မှာပါ'' ဟု ပြည်‌တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။ လက်ရှိ တည်ဆဲဥပဒေအရ ပြည်တွင်းရှိ   ခရီးသွား လုပ်ငန်းများကို ကုမ္ပဏီ ထူထောင်မှသာ လုပ်ငန်းလိုင်စင် ချပေးခြင်းဖြစ်ပြီး ခရီးသွား လုပ်ငန်း ငယ်လေးများ အနေဖြင့် ကုမ္ပဏီ ထူထောင်ရန် အရင်းအနှီး အခက်အခဲ ရှိနေ‌ကြောင်း၊    အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ဥပဒေအရ ခရီးသွား လုပ်ငန်းများသည် လုပ်ငန်းလိုင်စင် ရှိမှသာ ချေးငွေရယူနိုင်မည် ဖြစ်‌ကြောင်း သိရသည်။ လက်ရှိ ပြင်ဆင် ရေးဆွဲနေသည့် မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်း ဥပဒေသစ်မှာ မူကြမ်းအဆင့်သာ ရှိ၍ နည်းဥပဒေ ထွက်ရှိလာမှသာ ပြည်တွင်း ခရီးသွား လုပ်ငန်းများ အနေဖြင့် အတည်တကျ လိုင်စင် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 309 times Last modified on Saturday, 26 August 2017 09:41