SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဒုတိယ အကြိမ် 2017 Wedding and Women's Fashion Fair ပြပွဲကျင်းပ

Saturday, 26 August 2017 09:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၅

လာမည့်ဝါကျွတ် ကာလအတွက် မင်္ဂလာ ဝန်ဆောင်မှု လုပ်ငန်းများ ခေတ်မီလာစေရန်နှင့်  မြန်မာ့ရိုးရာ အမျိုးသမီး ဖက်ရှင်ဒီဇိုင်းများ ကမ္ဘာနှင့်ရင်ပေါင် တန်းနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် 2017 Wedding and Women's Fashion Fair ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပသည်။

'' ဒီပြပွဲမှာ ဝန်ဆောင်မှု အသစ်အဆန်း တွေလည်း ပါဝင်ပါတယ်။ ကိုယ့်ရဲ့မင်္ဂလာပွဲ အတွက်စီစဉ်မယ့် မင်္ဂလာ မောင်နှံတွေ အနေနဲ့ တစ်နေရာတည်းမှာ မင်္ဂလာ ပစ္စည်းတွေနဲ့ တခြားဝန်ဆောင်မှုတွေကို စုံစုံလင်လင် ရွေးချယ်လို့ရအောင် စီစဉ်ထားပါတယ်။ အထူး လျှော့ဈေးတွေလည်း ကဏ္ဍအလိုက် ရှိပါတယ်။ နောက်ပြီး နာမည်ကြီး မော်ဒယ်လ် တွေကလည်း မြန်မာ့ရိုးရာနဲ့ အနောက်တိုင်း မင်္ဂလာ ဝတ်စုံတွေဝတ်ပြီး ရှိုးလျှောက်တာ တွေလည်းရှိလို့ လာရောက်ကြည့်ရှု လေ့လာသူတွေ အတွက် အကျိုးကျေးဇူး များစေမှာပါ'' ဟု  ပြပွဲစီစဉ်သူ Future Myanmar Creation မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဝါဝါမင်းက ပြောသည်။

အဆိုပါ ပြပွဲ၌ မင်္ဂလာ ဝတ်စုံပြပွဲ၊ အမျိုးသမီး ဖက်ရှင်ပြပွဲနှင့် ပြကွက်ပေါင်း ၁ဝဝ ကျော်၊  ပြည်တွင်း မင်္ဂလာဝတ်စုံနှင့် တခြားဝန်ဆောင်မှု ကုမ္ပဏီ ၁၃ဝ ကျော်မှ ပြကွက်၊ ပြခန်းပေါင်း ၁ဝဝ ကျော် ပါဝင်ပြသထားသည်။ ထို့ပြင် ပြပွဲလာ ပရိသတ်များ အတွက် နာမည်ကြီး မော်ဒယ်လ်များ၏ မြန်မာ့ရိုးရာနှင့် အနောက်တိုင်း ရှိုးပွဲကိုလည်း ဖျော်ဖြေ တင်ဆက်လျက်ရှိပြီး ယင်းပြပွဲကို သြဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ ပြသလျက်ရှိကြောင်း သိရသည်။

Read 263 times Last modified on Saturday, 26 August 2017 09:42