SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း အတွက် အမေရိကန် ဒေါ်လာ သန်းသုံးရာကျော် အသုံးပြုမည်

Saturday, 26 August 2017 10:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၅

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အမေရိကန်ဒေါ်လာ ၃ဝ၁ ဒသမ ၂၉ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ရာတွင် မြို့ပတ်အရှေ့ခြမ်း အပိုင်း(၁) အနေဖြင့် ၇ ဒသမ ၂၅ မိုင်ဝေးကွာသော တညင်းကုန်း ဘူတာမှ  ပုရွက်ဆိတ်ကုန်း ဘူတာအထိ အပိုင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့ မီးရထားမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အထွေထွေ မန်နေဂျာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ အောက်မြန်မာပြည် အုပ်ချုပ်မှုဌာန အစည်းအဝေး ခန်းမ၌ မီဒီယာများနှင့် ခရီးသွား ပြည်သူများကို အသိပေး ရှင်းလင်းတင်ပြခဲ့သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် နိုင်ငံတော် ဘတ်ဂျက်မှ အမေရိကန် ဒေါ်လာ ၉၄ ဒသမ ၇၆ သန်းနှင့် ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၂ဝ၆ ဒသမ ၅၃ သန်းကို အသုံးပြုသွားမည် ဖြစ်သည်။ မြို့ပတ် အရှေ့ခြမ်း အပိုင်း(၁)ကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းကြီး တစ်ခုလုံး အနေဖြင့်၂ဝ၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ မြို့ပတ်အရှေ့ခြမ်း အပိုင်း(၁)ကို အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လက်ရှိပြေးဆွဲနေသော ခရီးစဉ် အနေအထားများအား မထိခိုက်အောင် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ခရီးသွား ပြည်သူများ အဆင်ပြေစေရန် အတွက် ရထားအစင်းရေကို မလျှော့ချဘဲ ရုံးဆင်း၊ ရုံးတက် အချိန်များတွင်ပါ အချိန်မှန်မှန် ပြေးဆွဲပေးသွားမည် ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင်မြှင့်တင်ခြင်း စီမံကိန်း ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရ ဘတ်ဂျက်ဖြင့် မီးရထား သံလမ်းဆက်ခြင်း၊ တံတားနှင့် တာပေါင်များ ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ဂျပန်ချေးငွေဖြင့် ဒီဇယ်၊ လျှပ်စစ်ဘက်စုံ အသုံးပြုနိုင်သော DEMU ရထားတွဲသစ် ၆၆ တွဲဝယ်ယူခြင်း၊ JICA ၏ အကူအညီဖြင့် မြို့ပတ်ရထား လမ်းတစ်လျှောက်ရှိ ကားလမ်းကူး နေရာများတွင် အဆင့်မြင့် အချက်ပြ စနစ်များ အသုံးပြုခြင်း စသည်တို့ကို ဆောင်ရွက် သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ပတ် အရှေ့ခြမ်း အပိုင်း(၂)ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လည်းကောင်း၊ ရန်ကုန်မြို့ပတ် အနောက်ခြမ်း အပိုင်း(၁)ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိလည်းကောင်း၊ အနောက်ခြမ်း အပိုင်း(၂)ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ လည်းကောင်း၊ အနောက်ခြမ်း အပိုင်း(၃)ကို ၂ဝ၁၉ ခုနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ လည်းကောင်း အသီးသီး ဆောင်ရွက်သွားမည် ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းသည် ၂၉ ဒသမ ၅ မိုင်ရှည်လျားပြီး မြို့ပတ်ဘူတာ ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာ ၁၇ ဘူတာရှိကြောင်း၊ လက်ရှိတွင် JICA တွဲဆိုင်း ၁၂ ဆိုင်း၊ ရထားကြီး ၁၃ ဆိုင်း စုစုပေါင်း ၂၅ ဆိုင်းဖြင့် တစ်နေ့လျှင် ၂၂ဝ ခေါက် ပြေးဆွဲပေးလျက် ရှိရာ ရထားစီးနင်းသူ တစ်ရက်ပျမ်းမျှ ခရီးသည်ဦးရေ ၉ဝဝဝဝ ခန့်ရှိကြောင်း သိရသည်။

Read 296 times Last modified on Saturday, 26 August 2017 10:09