SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကမ်းဝေးငါးဖမ်း လှေများကို ရေမိုင် ၂ဝဝ ကျော်အထိ ငါးဖမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိ

Saturday, 26 August 2017 10:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၅

မြန်မာနိုင်ငံရှိ ကမ်းဝေးငါးဖမ်းလှေ အများစုသည် ကမ်းခြေမှ ၁ဝ မိုင်ဝန်းကျင်၌်သာ ငါးဖမ်းနေ၍ ရေမိုင် ၂ဝဝ ကျော်အထိ ငါးဖမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကမ်းဝေးငါးဖမ်း လှေများ၏ အနေအထားကြောင့် ကမ်းခြေမှ ၁ဝ မိုင်ဝန်းကျင်၌သာ ငါးဖမ်းနေရာမှ နိုင်ငံတကာ အဆင့်မီ ငါးဖမ်းလှေသစ် များဖြင့် ရေမိုင် ၂ဝဝ ကျော်အထိ ငါးဖမ်းနိုင်ရန် စီစဉ်နေပြီး နိုင်ငံတကာ အဆင့်မီ အအေးခန်းပါသော ငါးဖမ်းလှေ အသစ်များ အသုံးပြုနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသို့ တင်ပြထားကြောင်း သိရသည်။ ငါးလုပ်ငန်း ဦးစီးဌာန၏ တည်ဆဲဥပဒေအရ ငါးဖမ်းလှေသစ်များ တည်ဆောက်ရန် ခွင့်ပြုခြင်း မရှိဘဲ သစ်သား ကိုယ်ထည်လှေများ ဆွေးမြည့်လျှင် သံကိုယ်ထည်ဖြင့် တည်ဆောက်ရန် လျှောက်လွှာ တင်နိုင်ကြောင်း၊ လက်ရှိ အသုံးပြုနေသော သစ်သား ကိုယ်ထည် ငါးဖမ်းလှေ များသည် ရေနက်ပိုင်း၌ ငါးဖမ်းရန် အဆင်မပြေကြောင်း သိရသည်။ ''ရေနက်ပိုင်းမှာ ဘာငါးတွေ ရှိမှန်းသေချာ မသိသေးဘူး။ တန်ဖိုးရှိ ငါးတွေတော့ ရှိမှာ သေချာတယ်။ ရေမိုင် ၂ဝဝ ကျော်အထိတော့ ဆွဲချင်တယ်။ အခက်အခဲကတော့ လက်ရှိ ရှိပြီးသား ငါးဖမ်းလှေတွေ ဆွေးသွားမှ လှေအသစ်နဲ့ လဲလို့ရမှာ။ လှေသစ်သွင်းဖို့ နေပြည်တော် အထိတော့ တင်ပြထားတယ်'' ဟု ၎င်းကပြောသည်။ ပြည်ပသို့ နှစ်စဉ်တင်ပို့ နေသော ရေထွက်ပစ္စည်း တန်ချိန် သုံးသိန်းကျော်ရှိသည့် အနက် ပင်လယ်ပြင်မှ တန်ချိန် နှစ်သိန်းကျော် ဖမ်းဆီး ထုတ်လုပ်နေသော ကမ်းဝေးငါးဖမ်းလှေ အစီးရေ ၃ဝ၃ဝ ရှိကြောင်း သိရသည်။

Read 298 times Last modified on Saturday, 26 August 2017 10:22