ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာန တို့မှ ဦးစီးမှူးများက သီးနှံများ၏ တစ်ဧက အထွက်နှုန်း မြင့်မားရေး အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ လူမှုဘဝ တိုးတက်မြင့်မားရေးနှင့် မိသားစုဝင်ငွေ တိုးတက်ပြီး စီးပွားရေး တွက်ခြေကိုက်စေရေး အတွက် မိမိတို့ ဌာနများနှင့် သက်ဆိုင်သော လုပ်ငန်းများ အကြောင်းကို ပညာပေး ဆွေးနွေးကြပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင် များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြစိမ်းရောင် ရန်ပုံငွေကျပ် သိန်း ၃ဝဝ ကို အသီးသီး ထုတ်ချေးနိုင်ကြောင်း သိရသည်။ အဆိုပါ မြစိမ်းရောင် ရန်ပုံငွေ ထုတ်ချေးပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲသို့ ဝန်းသိုမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သမဝါယမ ဦးစီးဌာနမှ ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဆန်းထွန်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။