SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မန္တလေးမြို့ ပြည်ကြီးမျက်ရှင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းအတွင်း ကွန်ကရစ်ခင်းမည်

Saturday, 26 August 2017 10:37 font size decrease font size decrease font size increase font size increase font size

မန္တလေး  သြဂုတ်  ၂၅

မန္တလေးမြို့ လမ်း ၆ဝ ရှိ ပြည်ကြီးမျက်ရှင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းအတွင်းရှိ ယာဉ်ရပ်နားရာနေရာနှင့် လမ်းများ၌ မိုးရေများကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်သည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှကွန်ကရစ် ခင်းပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော် ဇောအောင်ထံမှ သိရသည်။

ယင်းစခန်းအတွင်း ကွန်ကရစ်ခင်းခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလမ်း၊ တံတားဌာနမှ ယခု ဘဏ္ဍာနှစ်အတွင်း ယာဉ်များရပ်နားရာ နေရာဖြစ်သော ကားပါကင်နေရာ၊ မော်တော်ယာဉ် ပိုင်ရှင်များနှင့် ပွဲစားများနေ ထိုင်သောနေရာတို့ကို ပထမဦးစားပေး ခင်းပြီးမှသာ ယင်းစခန်းအ တွင်းရှိ လမ်းများကို အပြီးခင်းပေးမည် ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းကို ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ နေ့စဉ် မော်တော်ယာဉ် အစီးရေ ၃ဝဝ နှင့် ၄ဝဝ ကြား အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး ယင်းစခန်းသို့ လာရောက်သော မော်တော်ယာဉ်များသည်  တစ်ရက်လျှင် ယာဉ်ရပ်နားခ တစ်စီးလျှင် ငွေကျပ် ၃၅ဝ ပေးရကြော င်း သိရသည်။

Read 443 times Last modified on Saturday, 26 August 2017 10:53