SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆေးရုံ တက်ရောက် ကုသနေသော လူနာများအား ထောက်ပံ့ငွေ ပေးအပ်

Saturday, 26 August 2017 10:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၅

အလုပ်သင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၉) ကျောင်းဆင်း အရာရှိကြီးများက ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး ခုတင်- ၅ဝဝ ၌ ဆေးရုံ တက်ရောက် ကုသနေသော လူနာများအား ထောက်ပံ့ငွေနှင့် ဆေးပဒေသာပင် အလှူငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်များကိုယ်စား ရဲမှူးချုပ်မြဝင်းက လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး အလှူ ရှင်များက လူနာများအတွက် အလှူငွေ ငွေကျပ် ၁၄ သိန်း တစ်သောင်းကို လည်းကောင်း၊ ဆေးပဒေသာပင်အတွက် အလှူငွေ ငွေကျပ် ၁၂ သိန်းကိုးသောင်းကို လည်းကောင်း ပေး အပ်လှူဒါန်းရာ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံ ကြီး  ခုတင် - ၅ဝဝ  တပ်မှူး ဗိုလ်မှူးချုပ်ဇော်ဝင်းမော်နှင့် တာဝန်ရှိသူ တစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Read 419 times Last modified on Saturday, 26 August 2017 10:56