SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ငှက်ပျော ဈေးကွက် ကျဆင်းသောကြောင့် ငှက်ပျော စိုက်ပျိုးသူများ အကျိုးအမြတ် ရရှိမှု နည်းပါး

Saturday, 26 August 2017 10:37 font size decrease font size decrease font size increase font size increase font size

တံတားဦး   သြဂုတ်   ၂၅

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်ရှိ ငှက်ပျောခြံများမှ ငှက်ပျောခိုင်များ ခုတ်ယူ ရောင်းချလျက်ရှိရာ ယခုအခါ ငှက်ပျောဈေးကွက် ကျဆင်းသောကြောင့် ငှက်ပျောစိုက်ပျိုးသူများနှင့် ငှက်ပျောပွဲစားများ အကျိုးအမြတ်ရရှိမှု နည်းပါး လာကြောင်း သိရသည်။

ငှက်ပျောဈေးကွက်နှင့် ပတ်သက်၍ ''ယခုနှစ်နတ်ပွဲတွေ အကျဉ်းချုံး ကျင်းပတဲ့အတွက် ငှက်ပျောဈေးကွက် ကျသွား တယ်။ ယခင်နှစ် ဝါဆို၊ ဝါခေါင်နတ်ပွဲရာသီ ငှက်ပျော ဈေးကောင်းတယ်။ ယခင်နှစ်တွေက ငှက်ပျောလှည်း တစ်စီးကို ငွေကျပ် ၁၆ဝဝဝဝ မှ ၁၈ဝဝဝဝ အထိ ပေးဝယ်ရတယ်။ ယခုနှစ် ငှက်ပျော လှည်း တစ်စီးကို ငွေကျပ် ၁၄ဝဝဝဝ ဈေးပေါက်ပါတယ်။

ငှက်ပျော တစ်ဧကကို လှည်း ၁၅ စီး၊ ၁၆ စီးထွက်ပါတယ်။ လက်ရှိမှာ ငှက်ပျောတစ်ခိုင်ကို ငွေကျပ် ၃ဝဝဝ ကျော်ဖြင့် ရောင်းချရပါတယ်''ဟု တံတားဦးမြို့နယ်မှ ငှက်ပျောစိုက်ပျိုးသူ တစ်ဦးက ပြောသည်။ ငှက်ပျောပင်သည်  အပြုအစု ကောင်းပါက စတင်စိုက်ပျိုးပြီး ရှစ်လ၊ ကိုးလဖြင့် အခိုင်ထွက်ကာ ငှက်ေ ပျာတစ်ဧကလျှင် ငှက်ပျောခိုင် ၇ဝဝ ခန့် ထွက်ရှိကာ ဒေသအခေါ် ငှက်ပျောများကို လှည်းအစီးရေနှင့် တွက်ချက် ရောင်းချလျက်ရှိသည်။

လှည်းတစ်စီးလျှင် ငှက်ပျောခိုင် ၄ဝ တင်ဆောင်ကြပြီး ငှက်ပျောခိုင်စထွက်သည့် အချိန်မှစ၍ ငှက်ပျောပွဲစားများက စာ ချုပ်ချုပ် ဝယ်ယူကြကာ  ငှက်ပျောတစ်ခိုင်လျှင် ပျမ်းမျှခြောက်ဖီး သတ်မှတ်ကြောင်း သိရသည်။

Read 427 times Last modified on Saturday, 26 August 2017 11:02