SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရေဖြူမြို့နယ် ရေပုံးကျေးရွာ၌ စက်ချုပ်သင်တန်း ဆင်းပွဲ ကျင်းပ

Saturday, 26 August 2017 10:37 font size decrease font size decrease font size increase font size increase font size

ရေဖြူ  သြဂုတ်   ၂၅

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အ ထောက်အကူပြု အမျိုးသမီး စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရေပုံးကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦး အေးချိုက အဖွင့်အမှာစကား ပြောကြားပြီး ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးငွေသိန်းက စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကလိန်အောင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးခင်ဇော်လင်းက ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာလူထု ပူးပေါင်းပါဝင်မှု၏ အရေးပါခြင်းကို ရှင်းလင်းပြောကြားပြီး ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီး မှူး ဒေါ်စိုးစိုးသီက သင်တန်းသူများအား မိမိတို့သင်ကြားထားသော အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရေဖြူမြို့နယ် အတွင်းရှိ ကျောက်ရှပ်၊ ရေပုံး၊ ဟိန္ဇဲ၊ နွယ်လိမ်နှင့် ၃၆ မိုင်ကျေးရွာတို့မှ အမျိုးသမီး ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ နှစ်လကြာမြင့်ကြောင်း သိရသည်။

Read 416 times Last modified on Saturday, 26 August 2017 11:03