SJ WorldNews - шаблон joomla Авто

Miss Universe Myanmar 2018 ဆန်ခါတင် အလှမယ်များ၏ မြို့ဒေသ အလိုက် ရိုးရာ ဝတ်စုံပြိုင်ပွဲ ကျင်းပ

Sunday, 27 August 2017 06:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၆

မြန်မာနိုင်ငံ၌ (၆)ကြိမ်မြောက် ကျင်းပသော Miss Universe Myanmar 2018 ၏ ဆန်ခါတင် ရွေးချယ်ထားသော မျိုးဆက်သစ် အလှမယ် ၃ဝ ဦးက ကိုယ်စားပြု မြို့၊ ဒေသများ အလိုက် ရိုးရာဝတ်စုံပြိုင်ပွဲ ( National Costume )ကို ယမန်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ ဂန္ဓမာဟိုးဆေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆန်ခါတင် အလှမယ် ၃ဝ ဦးက ကိုယ်စားပြု မြို့၊ ဒေသများ အလိုက် ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ တစ်ဦးချင်းစီ ပြိုင်ပွဲဝင်ကြသည်။ အဆိုပါ ရိုးရာဝတ်စုံ ပြိုင်ပွဲ၏ The People Choice Awards ဆုအတွက် တက်ရောက် လာကြသော ပရိသတ်များက မဲပေး ရွေးချယ်ကြပြီး အလှမယ်များ၏ ကိုယ်စားပြု မြို့၊ ဒေသအမှတ် တံဆိပ် National Gift များကို အလှမယ် ငါးဦးစီအလိုက် လေလံတင် ရောင်းချကြောင်း

သိရသည်။

ပြိုင်ပွဲတွင် ပရိသတ်မဲ အများဆုံးပေးခြင်း ခံရသော People Choice Awards National Costume ဆုကို ရန်ကုန်မြောက်ပိုင်း ခရိုင်မှ မနုဿီဟ တံခွန်ကုက္ကား ဝတ်စုံဖြင့် အလှမယ် ထွန်းအိန္ဒြာရှင်က ရရှိပြီး ဆုငွေ ငွေကျပ် ၁ဝ သိန်း၊ ဒိုင်လူကြီးများက မဲပေးရွေးချယ်သော The Best National Costume ဆုကို မင်းဘူးမြို့မှ ရွှံ့မီးတောင်နဂါး နတ်သမီး ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်သူ အလှမယ် အိမ့်သက်မှူးက ရရှိပြီး ဆုငွေ ငွေကျပ် ၁ဝ သိန်း ရရှိကြောင်း သိရသည်။

ရိုးရာဝတ်စုံ ပြိုင်ပွဲမှ ပြိုင်ပွဲဝင် အလှမယ်များသည် ပုဂံ၊ ပဲခူး၊ ထားဝယ်၊ ဘားအံ၊ဖားကန့်၊ ကလေး၊ ကျောက်ဆည်၊ လွိုင်ကော်၊မကွေး၊ မန္တလေး၊ မော်လမြိုင်၊ မိတ္ထီလာ၊မင်းဘူး၊ မိုးကုတ်၊ မိုးညှင်း၊ မြဝတီ၊ မြိတ်၊မြစ်ကြီးနား၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ပြင်ဦးလွင်၊ စစ်ကိုင်း၊ စစ်တွေ၊ တာချီလိတ်၊တောင်ကြီး၊ တောင်ငူနှင့် ရန်ကုန်တိုင်း ဒေသကြီး ခရိုင်သုံးခု(အနောက်၊ တောင်၊မြောက်) တို့မှ ကိုယ်စားပြု ရွေးချယ်ထားသော အလှမယ်များ ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 405 times Last modified on Sunday, 27 August 2017 06:27