SJ WorldNews - шаблон joomla Авто

ကယားပြည်နယ်တွင် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ တည်ဆောက် လျက်ရှိ

Sunday, 27 August 2017 06:31 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် သြဂုတ် ၂၆

ကယားပြည်နယ် အတွင်း မြို့နယ် အသီးသီးရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေ လွယ်ကူ ချောမွေ့စေရေးအတွက် နိုင်ငံတော်က ဝန်ထမ်းအိမ်ရာများ တိုးချဲ့ တည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် လွိုင်ကော်ဝန်ထမ်း အိမ်ရာ၌ စုစုပေါင်း အိမ်ရာ အဆောက် အအုံ ၂၂ လုံး အခန်းပေါင်း ၁၉၈ ခန်း၊ ဒီးမော့ဆို ဝန်ထမ်း အိမ်ရာ၌ လေးခန်းတွဲ နှစ်ထပ် အဆောက်အအုံ တစ်လုံးအခန်းရှစ်ခန်း၊ ဖရူဆိုဝန်ထမ်း အိမ်ရာ၌ လေးခန်းတွဲ သုံးထပ် အဆောက်အအုံ တစ်လုံးအခန်း ၁၂ ခန်း၊ ရှားတော ဝန်ထမ်းအိမ်ရာ၌ လေးခန်းတွဲ သုံးထပ် အဆောက်အအုံတစ်လုံး အခန်း ၁၂ ခန်း၊ ဘောလခဲ ဝန်ထမ်းအိမ်ရာ၌ စုစုပေါင်း အိမ်ရာ အဆောက်အအုံ ရှစ်လုံး အခန်းပေါင်း ၇၁ ခန်း၊ ဖားဆောင်းဝန်ထမ်း အိမ်ရာ၌ စုစုပေါင်း အိမ်ရာ အဆောက်အအုံ ငါးလုံး အခန်းပေါင်း ၄ဝ ခန်း၊ မယ်စဲ့ဝန်ထမ်း အိမ်ရာ၌ စုစုပေါင်း အိမ်ရာ အဆောက်အအုံ လေးလုံး အခန်းပေါင်း ၃၃ ခန်း တည်ဆောက်၍ ဝန်ထမ်းများအား နေရာချထားပေးပြီး ဖြစ်သည်။

ကယားပြည်နယ်အတွင်း မြို့နယ် ခုနစ်မြို့နယ်၌ ဝန်ထမ်းအိမ်ရာ အဆောက်အအုံ စုစုပေါင်း ၄၂ လုံး တည်ဆောက်ပြီး အခန်းပေါင်း ၃၇၄ ခန်းတွင် ဝန်ထမ်း မိသားစုဝင် အိမ်ထောင်စု ၃၇၄ စုတို့ကိုနေရာ ချထား ပေးလျက်ရှိရာ ဝန်ထမ်း မိသားစုများ နေထိုင်ရေး အဆင်ပြေ လျက်ရှိသည်။

''နိုင်ငံ့ဝန်ထမ်း တွေက တာဝန်ကျရာ ဒေသကို သွားရောက် တာဝန် ထမ်းဆောင် ရတော့မယ် ဆိုရင် နေထိုင်ရေး အဆင်ပြေပါ့မလား အရင်ဆုံး စိတ်ပူရတယ်။ ဝန်ထမ်းအိမ်ရာ မရှိရင် ပြင်ပပုဂ္ဂလိကနေ အိမ်တွေမှာ အိမ်ငှားရမ်းခ ဈေးကြီးပေးပြီး နေရတဲ့အခါ စားဝတ်နေရေး အခက်အခဲ ဖြစ်စေတယ်။ အခုလို ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးနေတော့ ဣနြေ္ဒရရ နေနိုင်ပါပြီ။ ဝမ်းသာရပါတယ်''ဟု သမဝါယမ ဦးစီးဌာနမှ ဦးမြင့်နိုင်က ပြောသည်။

၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လွိုင်ကော်ဝန်ထမ်း အိမ်ရာ၌ အခန်းပေါင်း ၄၈ ခန်းရှိသည့် လေးခန်းတွဲ သုံးထပ် အဆောက်အအုံ လေးလုံးနှင့် ဘောလခဲ ဝန်ထမ်း အိမ်ရာ၌ အခန်း ၂၄ ခန်းရှိသည့် လေးခန်းတွဲ သုံးထပ် အဆောက်အအုံ နှစ်လုံးတို့ကိုလည်း ထပ်မံတိုးချဲ့ တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)

Read 372 times Last modified on Sunday, 27 August 2017 06:33