SJ WorldNews - шаблон joomla Авто

တိုးချဲ့ လုပ်ငန်း များအတွက် Grab မှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ရင်းနှီး မြှုပ်နှံမည်

Sunday, 27 August 2017 06:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၆

Grab အနေဖြင့် မြန်မာနိုင်ငံ အနှံ့ရှိ မြို့ကြီးများ၌ အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ခြင်း၊ Grab Pay အပါအဝင် Grab Suite မှတစ်ဆင့် တခြား ဝန်ဆောင်မှု စနစ်များ အသုံးပြုနိုင်ရန် စီစဉ်ခြင်းနှင့် ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဒေသတွင်းရှိ အရည်အချင်း ပြည့်ဝသည့် ဝန်ထမ်းပေါင်း ၂ဝဝ ခန့် ပါဝင်သော အဖွဲ့အစည်း တစ်ခု တည်ဆောက်ခြင်း စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကို Grab မှ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ အတွင်း ရန်ကုန်မြို့၌ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို အားကောင်း လာစေရန် လုပ်ဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ တခြား မြို့ကြီးများ၌လည်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ယာဉ်မောင်းနှင့် ခရီးသည်များ Grab အသုံးပြုနေစဉ် ထိရောက်သော အကူအညီ ရရှိစေရန်နှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန် ၄င်းတို့၏ 24/7 Call Center ဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

''Grab နဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ နှစ်ဖက်စလုံး အတွက် အကျိုးရှိပြီး လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ဝန်ဆောင်မှု အသစ်တွေ၊ ဒေသနဲ့ ကိုက်ညီမှု ရှိတဲ့ သယ်ယူ ပို့ဆောင်ရေး နည်းလမ်းတွေ ဖော်ဆောင် ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်'' ဟု Grab မှ CEO Anthony Tan က ပြောသည်။

လက်ရှိတွင် Grab မှ Grab Pay စနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်ထားပြီး ငွေသားမလိုသော ငွေပေးချေမှု ပုံစံ (Grab Pay) ကို နိုင်ငံတကာ ခရီးသွား ဧည့်သည်များ စတင်သုံးစွဲလာကြပြီ ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ၊

Read 389 times Last modified on Sunday, 27 August 2017 06:34