SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြို့နယ်အဆင့် ကျေးလက် အသက်မွေး ဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း သုံးသပ် ဆွေးနွေး

Friday, 04 August 2017 11:43 font size decrease font size decrease font size increase font size increase font size

ရွာငံ သြဂုတ် ၃

ကျေးလက်အသက်မွေး ဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ရွာငံမြို့နယ် ဗထူးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်တို့က အမှာစကား ပြောကြားပြီး ပြည်ထောင်စု အဆင့် နည်း ပညာ အကြံပေး အဖွဲ့ Team Leader Mr.Jessie Ponce  ကစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း မန်နေဂျာ ဦးအေးနိုင်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့် တင်ရေး စီမံကိန်း(ပထမနှစ်)ဆောင်ရွက်မှုတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များနှင့် အကြံပြုချက်များ၊ စီမံကိန်း လုပ်ငန်းခွဲများ၏ အရည်အသွေး အာမခံချက်၊ သုံးသပ်ချက်နှင့် အားနည်းချက်၊ အားသာချက်များ၊ အကြံပြုချက်များကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက် လာကြသူများက ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း(ပထမနှစ်)အတွက် အဖွဲ့လိုက် ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဆွေးနွေးပွဲ တွေ့ရှိချက်များအပေါ် အနှစ်ချုပ် တင်ပြခြင်းနှင့် အုပ်စုအဖွဲ့များမှ ဆွေးနွေး တင်ပြ ချက်များအပေါ် ခြုံငုံသုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ြ ပခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

Read 451 times Last modified on Friday, 04 August 2017 11:47