SJ WorldNews - шаблон joomla Авто

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်း အချို့ယာယီ ပိတ်ထားရ

Sunday, 27 August 2017 08:49 font size decrease font size decrease font size increase font size increase font size

ကံမ သြဂုတ် ၂၆

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် ပြန်လည် မြင့်တက်လာမှုကြောင့် စာသင်ကျောင်း ၁၃ ကျောင်းမှာ ရေဝင် နစ်မြုပ်သဖြင့် သြဂုတ် ၂၄ ရက်မှစ၍ ယာယီ ပိတ်ထားရသည်။

စာသင်ကြားမှု အခက်အခဲ၊ ကျန်းမာရေး အခက်အခဲနှင့် ဘေးအန္တရာယ်များ မဖြစ်ပေါ် စေရေးအတွက် မြစ်ရေ ကျဆင်းသွားမည့် အချိန်ထိ ကျောင်းများကို ယာယီ ပိတ်ထား မည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့် အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေးနှင့် ပတ်သက်၍ အခက်အခဲ မရှိစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ယာယီပိတ် ထားရသော ကျောင်းများမှာ အခြေခံပညာ မူလတန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲ တစ်ကျောင်းတို့ ဖြစ်ပြီး ယင်းကျောင်းများတွင် တက်ရောက် သင်ကြား လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၁၁၂၄ ဦး ရှိကြောင်း သိရသည်။ ကိုကိုကျော်(ကံမ)

Read 432 times Last modified on Sunday, 27 August 2017 08:50