SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ မိုးရာသီ မြန်မာ့ရိုးရာ အစားအသောက် ဈေးရောင်း ပွဲတော် ကျင်းပ

Sunday, 27 August 2017 08:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၆

မြန်မာ့ရိုးရာ အစားအသောက်များကို ပြည်သူများ တစ်နေရာတည်းတွင် စုစည်း စားသုံးနိုင်ရန် ရည်ရွယ်၍ မြန်မာ့ရိုးရာ စားသောက်ဆိုင်များ အသင်းက ကြီးမှူး၍ ရန်ကုန်မြို့ရှိ မြန်မာ့ရိုးရာ စားသောက်ဆိုင်များမှ အစားအသောက်များ တစ်နေရာတည်းတွင် စုစည်း ရောင်းချသော

မိုးရာသီ မြန်မာ့ရိုးရာ အစားအသောက် ဈေးရောင်း ပွဲတော်ကို သြဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် ခရေပင်လမ်း အမှတ်(၁ဝ၅/၁ဝ၇) ရှိ ပဒုမ္မာ စားသောက်ဆိုင်၌ ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဈေးရောင်း ပွဲတော်တွင် တင့်တင့်၊ ချဉ်ငန်စပ်၊ လိုတရ၊ ပဒုမ္မာနှင့် ခိုင်ခိုင်ကျော် စသည့် စားသောက်ဆိုင်များ အပါအဝင် မြန်မာ့ရိုးရာ စားသောက်ဆိုင် ၁၂ ဆိုင် ပါဝင် ရောင်းချလျက်ရှိသည်။ မြန်မာ့ရိုးရာ အစားအသောက် ဈေးရောင်း ပွဲတော်ကို ပွဲတော်ရက် များတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ကျင်းပနေပြီး အစားအသောက် များကို ရောင်းချရာတွင် မိမိတို့ ဆိုင်၌ ရောင်းချသော ဈေးနှုန်းများ အတိုင်းသာ ရောင်းချခြင်း ဖြစ်သည်။

''နောက်ပိုင်းမှာ ပြည်တွင်းကို နိုင်ငံတကာက စားသောက်ဆိုင်တွေ ဝင်လာပြီး အစားအသောက်တွေကို ရောင်းချရင် ပြည်သူတွေ အနေနဲ့ မြန်မာ့ရိုးရာ အစား အသောက်တွေကို စိတ်ဝင်စားမှု လျော့နည်း မသွားစေဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပတာပါ'' ဟု မြန်မာ့ရိုးရာ စားသောက်ဆိုင် များအသင်း ဥက္ကဋ္ဌ ဦးဆန်နီ အောင်ခင်က ပြောသည်။

အဆိုပါ အစားအသောက် ဈေးရောင်း ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအသောက် မျိုးစုံ ရောင်းချ ပေးခြင်းကြောင့် ပြည်တွင်းရှိ ပြည်သူများသာမက နိုင်ငံခြားသား အများအပြားလည်း လာရောက် စားသုံးကြောင်း သိရသည်။

မင်းသော်တာလွင်

Read 336 times Last modified on Sunday, 27 August 2017 08:55