SJ WorldNews - шаблон joomla Авто

အသက် ၁၃ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

Sunday, 27 August 2017 08:59 font size decrease font size decrease font size increase font size increase font size

ဘုတ်ပြင်း သြဂုတ် ၂၆

မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား အသက် ၁၃ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့နယ် မြို့မ အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်

ရေးမှူး ဦးအောင်သိန်းလှိုင်က အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ အခြေခံပညာ အထက်တန်းကျောင်း ပြည်ကြီးမဏ္ဍိုင် အသင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ အောက်လိပ်(ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ အားကစား ဝါသနာရှင်များက ကြည့်ရှု အားပေးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ပါဝင်ကြပြီး စက်တင်ဘာ ၃ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ စက်တင်ဘာ ၂ ရက်တွင် မီနီမာရသွန်ပြိုင်ပွဲ၊ စက်တင်ဘာ ၃ ရက်

တွင် အမျိုးသား၊ အမျိုးသမီး သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် စသည့် အားကစား ပြိုင်ပွဲများကို ကျင်းပမည် ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ သတင်း ရရှိသည်။

Read 351 times Last modified on Sunday, 27 August 2017 09:01