SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ၌ စပါးစိုက်ပျိုး နည်းပညာများ ကွင်းဆင်း သရုပ်ပြ

Friday, 04 August 2017 11:49 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ  သြဂုတ် 

စပါးစိုက်ပျိုး နည်းပညာများ ကွင်းဆင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ အုပ်စု ခိုမုန်းကျေးရွာ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် ကျောက်မဲခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက စပါးစိုက်ပျိုးရာတွင် ပျိုးသက်နု စိုက်ပျိုးနည်း၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးနည်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနည်း နှင့်  ပျိုးပေါင်ပြုလုပ် စိုက်ပျိုးနည်းတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူအေးက ဓာတ်မြေသြဇာ ဖြည့်စွက်မှုနှင့် ပိုးမွှားရောဂါ ဖြစ်ပွားမှု ထိန်းသိမ်းခြင်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက   စပါးစိုက်ပျိုးနည်းများဖြစ်သည့် တိုက်ရိုက်စိုက်ပျိုးနည်း၊ ပျိုးသက်နုစိုက်ပျိုးနည်း၊ ကြဲခင်းစိုက်ပျိုးနည်းနှင့် ပျိုးပေါင်ထား စိုက်ပျိုးနည်းတို့အပြင် စက်ကိရိယာများဖြင့် သရုပ်ပြစိုက်ပျိုးကြသည်။

စပါးစိုက်ပျိုး နည်းပညာများ ကွင်းဆင်းသရုပ်ပြပွဲသို့ ကျောက်မဲခရိုင် စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဖြူဖြူအေး၊ စိုက်ပျိုးရေး ဝန် ထမ်းများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 433 times Last modified on Friday, 04 August 2017 11:50