SJ WorldNews - шаблон joomla Авто

သမုတ်-သစ်ယာဝ ကျေးရွာချင်းဆက် သစ်သားတံတား ရေလယ်တိုင်များ ဆွေးမြည့်နိမ့် ကျ ပျက်စီး

Sunday, 27 August 2017 09:03 font size decrease font size decrease font size increase font size increase font size

မြိတ် သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သစ်ယာဝ ကျေးရွာအုပ်စုရှိ သမုတ်-သစ်ယာဝ ကျေးရွာ ချင်းဆက် အရှည် ၂၄၈ ပေရှိ ကျားခုံသစ်သား တံတားသည် ရေတိုက်စား၍ ရေလယ်တိုင်များ ဆွေးမြည့်မှုကြောင့်

ယမန်နေ့ နံနက် ၆ နာရီက ၁၈ ပေခန့် သစ်သားတန်းများ ကျိုးပဲ့ပျက်စီးရာ သစ်ယာဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းဇော်နှင့် ကျေးရွာသူ၊ ကျေးရွာသား ၃ဝ ဦးက နံနက် ၈ နာရီတွင် ပြုပြင် ဆောင်ရွက်ကြကြောင်း သိရသည်။

ကျိုးပဲ့ ပျက်စီးခဲ့သည့် သစ်သားတန်းများကို လူသွား လာနိုင်ရန်အတွက် ယာယီပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း၊ တံတားကို သစ်ယာဝ ကျေးရွာအုပ်စု အတွင်းရှိ သစ်ယာဝ၊ ကန်ပြင်၊ ပန္နာတောင် ကျေးရွာတို့မှ ပြည်သူများက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများ အတွက် အသုံးပြုလျက် ရှိကြောင်း၊ တံတားနေရာတွင် ခိုင်မာသော တံတားတစ်စင်း တည်ဆောက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း အုပ်ချုပ်ရေးမှူး ဦးလင်းဇော်က ပြောသည်။

အဆိုပါ တံတားကို ၂ဝဝ၉ ခုနှစ်တွင် ဒေသခံများက ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီး ၂ဝ၁၂ ခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အရှည်၂၄၈ ပေအကျယ် ၁၂ ပေရှိ သစ်သား တံတားတည်ဆောက် ပေးခဲ့ကြောင်း၊ သမုတ် -သစ်ယာဝ ကျေးရွာ ချင်းဆက် မြေသားလမ်းမှာ ၅ မိုင်၂ ဖာလုံရှည်ပြီး ၄င်းလမ်းပေါ်တွင် သစ်သားတံတား လေးစင်းရှိကာ ယခု ပျက်စီးခဲ့သော တံတားမှာ အရှည်ဆုံး တံတား ဖြစ်ကြောင်း သိရသည်။ ခိုင်ထူး

Read 384 times Last modified on Sunday, 27 August 2017 09:04