SJ WorldNews - шаблон joomla Авто

ဓာတ်မြေသြဇာ ဥပဒေနှင့် ပိုးသတ်ဆေး အန္တရာယ်များ အကြောင်း အသိပညာပေး ဟောပြော

Sunday, 27 August 2017 09:04 font size decrease font size decrease font size increase font size increase font size

ကလိန်အောင် သြဂုတ် ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီတွင် ဓာတ်မြေသြဇာ ဥပဒေနှင့် ပိုးသတ်ဆေး အန္တရာယ်များ အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဦးက အမှာစကား ပြောကြားပြီး ကလိန်အောင်မြို့ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစောမင်း နောင်က မြေသြဇာ ဥပဒေအကြောင်း သိကောင်းစရာများ၊ မြေသြဇာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့် နည်းဥပဒေ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များအကြောင်း၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် အသုံးပြုနည်း၊ ပိုးသတ်ဆေး အဆိပ်သင့်နိုင်မှုနှင့် ပိုးသတ်ဆေး အန္တရာယ်များ အကြောင်းနှင့် ပိုးသတ်ဆေး ဥပဒေဆိုင်ရာ လိုက်နာရမည့် အချက်အလက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းတို့ကို ဆွေးနွေး ဟောပြောသည်။

အဆိုပါ ဟောပြောပွဲကို အသီးအရွက်များ လူတိုင်း စားသုံးနေကြ သည့်အတွက် စားသုံးသူများ ကင်ဆာရောဂါ မဖြစ်ပွားစေရန် စိုက်ပျိုးသူ များအနေဖြင့် မြေသြဇာကို အချိုးအဆ မှန်ကန်စွာ သုံးစွဲရန်၊ မြန်မာ စာသားပါသည့် မြေသြဇာကို သုံးစွဲကြရန်နှင့် ပိုးသတ်ဆေးကို အလွန်အကျွံ မသုံးစွဲဘဲ နည်းစနစ် မှန်ကန်အောင် သုံးစွဲကြစေရန် အတွက် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

Read 423 times Last modified on Sunday, 27 August 2017 09:05