SJ WorldNews - шаблон joomla Авто

ဧရာဝတီမြစ်ရေသည် အောင်လံမြို့၌ စိုးရိမ်ရေမှတ် အထက်သို့ စတင်ကျော်လွန်

Sunday, 27 August 2017 09:06 font size decrease font size decrease font size increase font size increase font size

အောင်လံ သြဂုတ် ၂၆

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၅၅ဝ စင်တီမီတာကို ကျော်လွန်၍ ၂၅၅၃ စင်တီမီတာ ရောက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြို့နယ် အတွင်းရှိ မြစ်ဘေးမြေနိမ့် ပိုင်းရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြသူများ မြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသော သရက်တော၊ မကျီးကုန်း၊ ကန်ကြီး၊ စမ်းချောင်း၊ စက်ရုံ၊ ရွာထောင်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖြစ်ကြသော မြွေရိုး၊ ပြင်းပေါက်၊ ပြလို့နှင့် သရက်တော ကျေးရွာမြေ အနိမ့်ပိုင်းတွင် နေထိုင်ကြသော အိမ်ခြေ ၈၄၆ အိမ်ထောင်စု ၈၉၆ စုမှ လူဦးရေ ၃၆၂၈ ဦးတို့မှာ ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရသည်။

မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် စီမံချက်များ ချမှတ်၍ သတ်မှတ်နေရာ ကိုးခုတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ထားရှိပြီး ရှာဖွေ ကယ်ဆယ်ရေး၊ နေရာချထားရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေး ကိစ္စရပ်များကို စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းလွင်(အောင်လံ)

Read 418 times Last modified on Sunday, 27 August 2017 09:07