SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အသက် ၁ဝ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေးအပ်

Friday, 04 August 2017 11:52 font size decrease font size decrease font size increase font size increase font size

လားရှိုး သြဂုတ် 

အသက် ၁ဝ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ လားရှိုးပညာရေး ကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်း ပသည်။

အခမ်းအနားတွင် လားရှိုးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလှိုင်က နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်/မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ပညာရေး ကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းအုပ်ကြီးတို့က လေ့ကျင့်ရေး အလယ်တန်းေ ကျာင်းမှ ကျောင်းသား၊ ကျောင်း သူ ၄ဝ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ တစ်ဦးချင်း ပေးအပ်သည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွက် ဗဟုသုတ လေ့လာ ဆည်းပူးဖတ်ရှုရန် ပညာပေး စာအုပ်များကို ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူးတို့က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မလေးက လက်ခံရ ယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

Read 476 times Last modified on Friday, 04 August 2017 11:53