SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရာသီတုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေး သတိပေး နှိုးဆော်ချက်

Friday, 04 August 2017 12:24 font size decrease font size decrease font size increase font size increase font size

၁။ရာသီတုပ်ကွေးရောဂါသည် ယခုကဲ့သို့ မိုးရာသီနှင့် မိုးအကုန် ဆောင်းအကူး ကာလများတွင် ဖြစ်ပွားလေ့ရှိပါသည်။

၂။ရောဂါပိုးသည် လေထဲမှတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်ရောက်ပြီး တစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်နိုင်ပါသည်။

၃။ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများသို့ ပိုမိုကူး စက်နိုင်သည်။ ကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန် တတ်ပါသည်။

၎။အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်ပါသည်။

၅။ရောဂါလက္ခဏာများမှာ - ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း စသည်တို့ ဖြစ်ပါသည်။

ရာသီတုပ်ကွေး ရောဂါကို ကြိုတင် ကာကွယ်နိုင်ပါသည်။

၁။နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ရောဂါပိုးများကူးစက်မှုကို ဟန့်တားရန် ပါးစပ်နှင့် နှာခေါင်းကို အုပ်၍နှာချေ၊ချောင်း ဆိုးရန် တိုက်တွန်း အပ်ပါသည်။ (လက်ကိုင်ပဝါ၊ တစ်ရှူးနှင့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းတို့ အသုံြး ပုနိုင်ပါသည်။)

၂။ရောဂါပိုးများသည် လက်တွင်ကပ်ငြိ နေနိုင်သဖြင့် ချောင်းဆိုး၊ နှာချေပြီးချိန်နှင့် ရောဂါလက္ခဏာ ရှိသူများအား ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း ရေနှင့်ဆပ်ပြာတို့ဖြင့် လက်ဆေးပါရန် တိုက်တွန်းပါသည်။

၃။တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာနေထိုင်ခြင်း၊ လူထူထပ်သော နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ် သင့်ပါသည်။

၎။ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက လုံလောက်စွာ အနားယူခြင်း၊ အရည်များများ သောက်သုံးခြင်း၊ ကိုယ်ပူချိန် မြင့်မားပါက ရေဖတ်တိုက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

မိမိတွင်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားပါက ဆေးရုံ/ဆေးခန်းတို့တွင် ကုသမှုခံယူပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Read 438 times Last modified on Friday, 04 August 2017 12:25