SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် ထိုင်းနိုင်ငံ နားအထူးကု ဆရာဝန်ကြီးများ အခမဲ့ လာရောက် ကုသပေးမည်

Friday, 04 August 2017 12:26 font size decrease font size decrease font size increase font size increase font size

မြိတ်  သြဂုတ် 

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ပြည်သူ့ ဆေးရုံကြီး၌ ထိုင်းနိုင်ငံ နားအထူးကု ဆရာဝန်ကြီးများက နားနှင့်ပတ်သက် သောရောဂါများကို သြဂုတ် ၇ ရက်မှ  စတင်၍အခမဲ့ လာရောက် ကုသပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

''၇ ရက်နေ့မှာ လူနာတွေကို စမ်းသပ် စစ်ဆေးပေးမယ်။ ၈ ရက်နဲ့ ၉ ရက်မှာတော့ ခွဲစိတ်ကုသပေးသွားမယ်''ဟု မြိတ် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ကုသရေးဌာနမှ တာဝန်ခံဆရာဝန်က ပြောသည်။ ထိုင်းနိုင်ငံမှ နားအ ထူးကု ဆရာဝန် ကြီးများက နားနှင့်ပတ်သက်သော ရောဂါများကို စမ်းသပ်စစ်ဆေးကုသခြင်း၊ နားအကြားအာရုံ စမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နှာခေါင်း၊ လည်ချောင်းနှင့် ပတ် သက်သော ရောဂါများကို မြိတ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများက ပူးပေါင်းပါဝင် ကုသပေးသွားမည် ဖြစ်သည်။ အဆိုပါ ရောဂါများကို ကုသနိုင် ရန်အတွက် ကြိုတင်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Read 451 times Last modified on Friday, 04 August 2017 12:26