SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဇေယျမုနိ စေတီတော်မြတ်ကြီးနှင့် စန္ဒမုနိကျောက်သား ဆင်းတု ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရန် မြေသန့် ပန္နက်တော်တင် အုတ်မြစ်တော်စီ မင်္ဂလာ ကျင်းပ

Friday, 04 August 2017 12:31 font size decrease font size decrease font size increase font size increase font size

ကသာ သြဂုတ် ၃

ဇေယျမုနိစေတီတော်မြတ်ကြီးနှင့် ဂန္ဓကုဋိတိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်မည့် စန္ဒမုနိကျောက်သား ဆင်းတုရုပ်ပွား တော်မြတ်ကြီး တည်ထားပူဇော်ရန် မြေသန့်ပန္နက်တော်တင် အုတ်မြစ်တော်စီ မင်္ဂလာကို စစ်ကိုင်း တိုင်း ဒေသကြီး ကသာမြို့နယ် ကူးကာအုပ်စု ထောင့်တလီကျေးရွာ ကျွဲစခန်းကြီး ကုန်းတော်ပေါ်၌ ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပသည်။

ရှေးဦးစွာ ထောင့်တလီ ကျောင်းဆရာတော် ဦးဥာဏဝံသက ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ် အစရှိသော အုတ်မြစ် တော်များကို စီချတော်မူပြီး ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဌာန ဆိုင်ရာများက အုတ်မြစ်တော်များကို အသီးသီးစီချကြသည်။ ထို့နောက် အလှူရှင်များက ဆရာတော်၊ သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး သံဃာတော် အရှင် သူမြတ်တို့ ဟောကြားတော်မူ သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

အဆိုပါ ဇေယျမုနိ စေတီတော်မြတ်ကြီးသည် ဥာဏ်တော်အမြင့် ၁ဝ၈ ပေ၊ လုံးပတ်အဝန်း ပေ ၁၈ဝ နှင့် စန္ဒမုနိ ကျောက်သားဆင်းတု ရုပ်ပွားတော်မြတ်ကြီး ဥာဏ်တော်အမြင့် ၉ ပေ တို့ကို ထောင့်တလီကျောင်း ဆရာေ တာ် ဦးဥာဏဝံသ၊ ထောင့်တလီကျေးရွာနေ ပြည်သူများနှင့်အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေကျပ် သိန်း ၂၅ဝဝ ခန့်ဖြင့်  တည်ထားပူဇော်မည် ဖြစ်ကြောင်း သိရသည်။

Read 394 times Last modified on Friday, 04 August 2017 12:32