SJ WorldNews - шаблон joomla Авто

ဆွစ်ဇာလန် ကုမ္ပဏီမှ လူငယ်ဖွံ့ဖြိုးရေး စင်တာ ဖော်ဆောင်ပေးမည်

Thursday, 31 May 2018 08:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မေ   ၃ဝ

လူငယ်ဖွံ့ဖြိုးရေး စင်တာအား ဆွစ်ဇာလန် ကုမ္ပဏီမှ ရန်ကုန်မြို့၌ ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်ပန်းသဉ္ဇာမျိုး ကပြောသည်။

အဆိုပါ   လူငယ်ဖွံ့ဖြိုးရေး စင်တာအား ဖော်ဆောင်ရန်  ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Seedstars ကုမ္ပဏီကို  ရွေးချယ်ထားပြီး သဘောတူညီမှု လက်မှတ် ရေးထိုးထားသည့်အတိုင်း စတင်ဖော်ဆောင်မည်ဖြစ်သည်။

ယင်းစင်တာကို ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းဘေးရှိ မြေသုံးဧကပေါ်၌ တည်ဆောက်မည်ဖြစ်ပြီး Seedstars ကုမ္ပဏီ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စွန့်စားလိုသူများကို နည်းပညာ ပံ့ပိုးပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

'' MoU  လက်မှတ်ရေးထိုးတဲ့အထဲမှာ ပါဝင်တဲ့ အစီအစဉ်တွေအတိုင်း Seedstars ကုမ္ပဏီက လုပ်ဆောင်ရမှာပါ။ လူငယ်ဖွံ့ဖြိုးရေး စင်တာဆိုတာ နိုင်ငံအတွင်းမှာ ရှိသင့်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ  လူတော်တွေရှိပါတယ်။  ဒီစင်တာက လူငယ်တွေရဲ့ ဘဝကို ထိရောက်စွာ ပိုမိုမြှင့်တင်ပေးနိုင်မှာပါ။ လူငယ်တွေအနေနဲ့ စီးပွားရေးနဲ့ နည်းပညာနယ်ပယ်မှာ ဆန်းသစ်တဲ့အမြင်တွေနဲ့ လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရရှိလာစေမှာဖြစ်ပါတယ်''  ဟု ဒေါ်ပန်းသဉ္ဇာမျိုး ကပြောသည်။

ယင်းလူငယ်ဖွံ့ဖြိုးရေး စင်တာမှ Start-Up Program လုပ်ငန်းတစ်ခုကို စတင်ပြီး လုပ်ကိုင်လိုသည့်  လူငယ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍  တိုးတက်မည့်လုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ရာ   လူငယ်များအတွက် အခွင့်အလမ်းကောင်းများ  ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

  လက်ရှိတွင် ယင်းကုမ္ပဏီသည် လုပ်ငန်းစတင်လိုသူများ အတွက် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲများ ကိုလည်း ကျင်းပပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံး လုပ်ဆောင်သော  စင်တာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း  သိရသည်။        

Read 127 times Last modified on Thursday, 31 May 2018 08:32