SJ WorldNews - шаблон joomla Авто

Sales and Marketing Career Conference 2018 ကို ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိ

Thursday, 31 May 2018 08:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၃ဝ

မြန်မာနိုင်ငံရှိ Sales နှင Marketing ကဏ္ဍတွင် လုပ်သားခေါ်ယူလိုသော ကုမ္ပဏီ ၄ဝ ကျော်နှင့် နိုင်ငံတွင်းရှိ Sales နှင့် Mar-keting ပိုင်းမှ လုပ်သားများအား တွေ့ဆုံစေမည့် Sales  and  Marketing Career Conference 2018 ကို ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း JobNet.com.mm မန်နေးဂျင်းဒါရိုက်တာ Matt  De  Luca ထံမှ သိရသည်။

''ဒီပွဲက နိုင်ငံအတွင်းမှာရှိတဲ့ ထိပ်တန်း ကုမ္ပဏီကြီးတွေကို စုစည်းပြီး အကောင်းမွန်ဆုံး အလုပ်အကိုင် အခွင့်လမ်းတွေနဲ့    ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပြောဆိုမှုတွေ ထည့်သွင်းမှာ ဖြစ်တာကြောင့် Sales နဲ့ Marketing Professional တစ်နေရာတည်းမှာ တွေ့ဆုံနိုင်မယ့် ပွဲဖြစ်ပြီး Sales နဲ့  Marketing   Career တိုးတက် ဖွံ့ဖြိုးမှု အတွက် ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်'' ဟု  Matt  De  Luca ကပြောသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံ၏ အလုပ်အကိုင်ရှာဖွေရေး Website  တစ်ခုဖြစ်သော JobNet.com.mm မှကြီးမှူး၍ Sales and Marketing Career Conference 2018 ကို ဇွန် ၃  ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ   ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်၌  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 Sales  and   Marketing Career Con-ference 2018 သို့ တက်ရောက်လာသူများ အနေဖြင့် နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ  အလုပ်အကိုင် အခွင့်အလမ်းများကို  သိရှိ လျှောက် ထားနိုင်မည့် အပြင် Sales နှင့် Marketing  ကဏ္ဍတွင် ကျွမ်းကျင်သော ပြည်တွင်းပြည်ပမှ  ဝါရင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်သည့် နိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီကြီးများမှ CEO များ၏  ဆွေးနွေးဟောပြောမှုများမှ  ဗဟုသုတ အမျိုးမျိုးရရှိမည့်အပြင် အနာဂတ်တွင်   လိုက်ပါလုပ်ဆောင်ရမည့်  လုပ်ငန်းများနှင့်   တခြားဗဟုသုတတို့ကို   သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲအတွင်း  Sales  Development ၊  Commercial Roles ၊ B2B ၊ B2C ၊ Busi-ness Development ၊ Sales Management ၊ Sales Training ၊ Directors of Sales ၊ Marketing ၊ Media ၊ Advertising ၊ Digital Marketing Management ၊ Marketing Analytics ၊ Creative ၊ PR & Communica-tions  Specialists စသော Sales နှင့် Marketing  အလုပ်အကိုင် အခွင့်အလမ်း လစ်လပ်နေရာ အမျိုးမျိုးအတွက် အလုပ်ခေါ်ယူမည်ဖြစ်ရာ ပွဲသို့  လာရောက်လိုသူများ အနေဖြင့် မိမိတို့၏ CV Form များ အလုံအလောက် ယူဆောင်လာရန်  လိုအပ်မည်ဖြစ်သည်။

နိုင်ငံအတွင်းရှိ Sales  and Marketing Professional များအနေဖြင့် မိမိတို့၏ Career  ဖွံ့ဖြိုး တိုးတက်မှုအတွက် အထူးတက်ရောက်သင့်သော ပွဲတစ်ပွဲဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။

Read 119 times Last modified on Thursday, 31 May 2018 08:48