SJ WorldNews - шаблон joomla Авто

နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေး ကောလိပ်များမှ သင်ကြားရေး ဝန်ထမ်းများ၊ စီမံရေးရာ ဝန်ထမ်းများ ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခန့်ထားခြင်းများ ဆောင်ရွက်

Saturday, 05 August 2017 14:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     သြဂုတ်   

ပညာရေးဝန်ကြီးဌာန  အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ နည်းပညာ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ ပညာရေး ကောလိပ်များမှ သင်ကြားရေးနှင့် စီမံရေးရာဝန်ထမ်း ၁၃၈၁ ဦး၊ အခြေခံပညာ ဦးစီးဌာနမှ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဝန်ထမ်း ၂၄၇၈ ဦးတို့အား ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခန့်ထားခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန  အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်များမှ ကထိကရာထူး (ပြောင်းရွှေ့ခြင်း) ၈၄ ဦး၊ နည်းပညာ တက္ကသိုလ်များရှိ လက်ထောက် ကထိကမှ  ကထိကရာထူး (တိုးမြှင့်ခြင်း) ၉၉၂ ဦး၊  ကွန်ပျူတာ တက္ကသိုလ်များရှိ   လက်ထောက်ကထိကမှ   ကထိကရာထူး (တိုးမြှင့်ခြင်း)၁၆၃ ဦး၊ ကွန်ပျူတာတက္ကသိုလ်များရှိ လက်ထောက်ကထိက ရာထူး(ပြောင်းရွှေ့ခြင်း) ၂၁ ဦး၊ နည်းပညာတက္ကသိုလ်များရှိ လက်ထောက်ကထိက ရာထူး(ပြောင်းရွှေ့ခြင်း) ၄ဝ ဦးနှင့် ပညာရေးကောလိပ်များမှ ကထိကရာထူး (ပြောင်းရွှေ့ခြင်း) ၁၁ ဦး၊ ကထိကရာထူး (တိုးမြှင့်ခြင်း) ၄ဝ ဦး၊   လက်ထောက်ညွှန်ကြားရေးမှူး ရာထူး(တိုးမြှင့်ခြင်း) တစ်ဦး၊  ဌာနခွဲမှူးရာထူး(ပြောင်းရွှေ့ခြင်း) သုံးဦး၊ ဌာနခွဲမှူးရာထူး (တိုးမြှင့်ခြင်း)ငါးဦး၊ မော်ကွန်းထိန်းရာထူး(တိုးမြှင့်ခြင်း)တစ်ဦး၊ စာကြည့်တိုက်မှူး ရာထူး (ပြောင်းရွှေ့ခြင်း) တစ်ဦး၊  လက်ထောက်ကထိက ရာထူး(ပြောင်းရွှေ့ခြင်း) ၁၆ ဦး၊  ဦးစီးအရာရှိ ရာထူး (ပြောင်းရွှေ့ခြင်း) သုံးဦးတို့ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ ယနေ့ရက်စွဲဖြင့် အမိန့်စာများ ထုတ်ပြန်ခဲ့သည်။

ထို့အတူ အခြေခံပညာ ဦးစီးဌာနအောက်ရှိ သင်ကြားရေး ဝန်ထမ်းများနှင့် စီမံရေးရာ ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာ အထက်တန်းကျောင်းအုပ်မှ မြို့နယ် ပညာရေးမှူးအထိ အနေကြာပြောင်းရွှေ့သူ ၂၇ ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူးအထိ ရာထူးတူ ပြောင်းရွှေ့သူ ၅၂၃ ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူး/ ခရိုင်ပညာရေးမှူးအထိ ပြောင်းရွှေ့သူ ၆၈ ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူး/ ခရိုင်ပညာရေးမှူးအထိ ရာထူးတိုးသူ ၁၈၆ဝ ဦးတို့ကိုလည်း ရာထူးတိုးမြှင့် ပြောင်းရွှေ့ခန့်ထား ပေးလိုက်ကြောင်း သိရသည်။

Read 346 times Last modified on Saturday, 05 August 2017 14:17