Print this page

ကလေးသူငယ် အကြမ်းဖက် ကာကွယ်ရေး ပညာပေး ကာတွန်းပြပွဲနှင့် ကဗျာရွတ်ဆိုပွဲ ကျင်းပ

Thursday, 31 May 2018 08:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၃ဝ

ပြည်တွင်းရှိ  ကလေးသူငယ်များ အကြမ်းဖက်မှု ကင်းဝေးစေရန်နှင့် ကလေးသူငယ်များကို   အကြမ်းဖက်မှုများ မပြုလုပ်စေရန်  ရည်ရွယ်၍  ကလေးသူငယ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရေး  ပညာပေး ကာတွန်းပြပွဲနှင့် ကဗျာရွတ်ဆိုပွဲကို ယမန်နေ့က ရန်ကုန်မြို့  မဟာဗန္ဓုလပန်းခြံ၌  ကျင်းပသည်။

''ကလေးသူငယ် အကြမ်းဖက်မှုတွေ မဖြစ်ပေါ်ဖို့နဲ့ ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့   သိမြင်လာအောင် နှိုးဆော်တဲ့အနေနဲ့ ဒီပွဲကိုကျင်းပတာပါ။ နောက်ပိုင်းမှာလည်း ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ပွဲတွေကို ရန်ကုန်မြို့မှာ  ဆက်လက် ကျင်းပဦးမှာပါ'' ဟု   Assistance  For Child Right အဖွဲ့၏ အုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်  ဦးကိုကိုနိုင် ကပြောသည်။

အဆိုပါပွဲတွင် နိုင်ငံကျော် ကာတွန်းဆရာများဖြစ်သော ကိုရွှေထူး(ပြည်)၊ မောင်မောင်ဖောင်တိန်၊   သီဟ(စခန်းသစ်)နှင့်  စမ်းချောင်းကိုကိုအောင် အပါအဝင် ကာတွန်း ဆရာများ ရေးဆွဲထားသော ကာတွန်းများကို ပြသခြင်း၊ စာရေးဆရာ၊  ကဗျာဆရာ၊ ဆရာမများဖြစ်ကြသော  ဒေါ်သန်းမြင့်အောင်၊ထင်လင်းဦး၊ သဲအောင်၊ မိချမ်းဝေ၊ စောဝေ၊ ကျော်ဇင်ကိုကိုနှင့်  ကဗျာဆရာ၊ ဆရာမများ၏ ကဗျာ ရွတ်ဆိုမှု    အစီအစဉ်များ ထည့်သွင်း ကျင်းပခဲ့သည်။     

ယင်းပွဲ၌ ကာတွန်းပညာရှင်များနှင့် ကဗျာဆရာ၊  ဆရာမများက ကလေးသူ ငယ်များနှင့် သက်ဆိုင်သော ဖန်တီးမှုပြုလုပ်ထားမှုများကို အဓိကအနေဖြင့်  ပြသခဲ့ကြောင်း၊  အဆိုပါပွဲကို  စိတ်ဝင်စား သူတိုင်း    ပါဝင်ဆင်နွှဲခွင့်ပေးခဲ့ပြီး   ပြည်သူနှင့် ကလေးငယ်များ ပျော်ရွှင်စေရန်  ရုပ်ရှင်နှင့် ဂီတလောကမှ  အနုပညာရှင်များလည်း  လာရောက်နှုတ်ဆက်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းတို့  ပြုလုပ် ခဲ့ကြကြောင်း  သိရသည်။  

Read 147 times Last modified on Thursday, 31 May 2018 08:57