SJ WorldNews - шаблон joomla Авто

သထုံမြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တဲအိမ်ငယ် ငါးလုံးပြိုကျပြီး စာသင်ကျောင်းနှင့် နေအိမ်အချို့ အမိုးများလန် ပျက်စီး

Saturday, 05 August 2017 14:21 font size decrease font size decrease font size increase font size increase font size

သထုံ    သြဂုတ်   

မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်း ကျေးရွာ သရက်တောပိုင်း၌ ယမန်နေ့ည၁ဝ နာရီခွဲတွင် လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် သစ်ပင်အချို့လဲပြိုကာ တဲအိမ်ငယ်ငါးလုံး ပြိုကျပြီး စာသင်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

''လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့ မရှိပါဘူး။  စာသင်ကျောင်းကိုတော့ ကျောင်းစာသင်ချိန် မထိခိုက်ရအောင် အမြန်ဆုံးပြုပြင်ဖို့ လုပ်နေပါတယ်။ ဖက်တို့၊ ဝါးတို့နဲ့ ဆောက်ထားတဲ့ တဲအိမ်ငါးလုံးကတော့ ပြိုသွားပါတယ်။ အိမ်အချို့ကတော့ သွပ်မိုးလန်တာလောက်ပါပဲ'' ဟု  သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် နေအိမ်များမှ အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းတွင် သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ဦးဆောင်သည့် သဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့်  ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ အဝတ်အထည်များနှင့် လိုအပ်သည်များကူညီထောက်ပံ့ ပေးခဲ့သည်။

အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၇ ဦး လေဘေးသင့် ခံခဲ့ရကြောင်း သိရသည်။

Read 412 times Last modified on Saturday, 05 August 2017 14:22