SJ WorldNews - шаблон joomla Авто

ဗန်းမော်တက္ကသိုလ်၌ အနုပညာ ဆည်းဆာပွဲတော် ကျင်းပ

Saturday, 02 September 2017 09:25 font size decrease font size decrease font size increase font size increase font size

ဗန်းမော် စက်တင်ဘာ ၁

ကျောင်းသား၊ ကျောင်းသူများ တီထွင် ဖန်တီးနိုင်မှု စွမ်းရည် မြင့်မားလာစေရန်၊ စုပေါင်း ဆောင်ရွက်မှုကို လေ့ကျင့်ပေးရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော် တက္ကသိုလ် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်

အနုပညာ ဆည်းဆာပွဲတော်ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တက္ကသိုလ်ဘက်စုံ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗန်းမော်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ဗန်းမော်တက္ကသိုလ်မှ အနုပညာ အသင်းနှင့် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော် တေးသီချင်းများ၊ အကများဖြင့် ကပြ ဖျော်ဖြေကြသည်။

အဆိုပါပွဲတော်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗန်းမော်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်ကိန်း(ဗန်းမော်)

Read 382 times Last modified on Saturday, 02 September 2017 09:27