SJ WorldNews - шаблон joomla Авто

ပရိုမိုးရှင်း လုပ်ငန်းများတွင် လူငယ်များကို နေ့စား ဝန်ထမ်းအဖြစ် အသုံးပြုလာ

Saturday, 02 September 2017 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁

ပြည်တွင်းကုမ္ပဏီများသည် ပရိုမိုးရှင်း လုပ်ငန်းများတွင် လူငယ်များကို နေ့စား ဝန်ထမ်းများအဖြစ် အသုံးပြု လာကြကြောင်း အဆိုပါ လုပ်ငန်းအတွင်း လုပ်ကိုင် နေသည့် လူငယ်များထံမှ သိရသည်။ ယခုအခါ

ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် ကုမ္ပဏီများ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီများနှင့် ပုဂ္ဂလိက ဆေးရုံတချို့မှ ပရိုမိုးရှင်း လုပ်ငန်းများတွင် လူငယ်များ လုပ်ကိုင်လာကြကြောင်း သိရ သည်။

''ကျွန်တော်တို့က နေ့စားအနေနဲ့လုပ်ရတာပါ။ တစ်ရက်ကို ငွေကျပ် ၇ဝဝဝ ပြန်ရှင်းပေးတယ်။ ဒါကိုဒီအတိုင်းတော့ ရှင်းပေးတာမျိုး မဟုတ်ဘူး။ ကိုယ်ပရိုမိုးရှင်း သွားလုပ်တဲ့သူရဲ့ နာမည်နဲ့ ဖုန်းနံပါတ် Contact တစ်ခုခုကို ယူဆောင်လာရပါတယ်။ တစ်ရက်ကို ငါးယောက်နှုန်းလောက် Contact ပြပြီး ရုံးက နေ့တွက်ခပြန်ထုတ်ပေးတာပါ။ Contact တွေ မတင်ပြနိုင်ရင် နေ့တွက်ခငွေ ပြန်မထုတ်ပေးပါဘူး''ဟု နေ့စားဝန်ထမ်း ကို သူရိန်မင်းကပြောသည်။

ရန်ကုန်မြို့၌ ထိုသို့ နေ့စားဝန်ထမ်း ခန့်အပ်ကာ လုပ်ကိုင်ခြင်းများ ကျယ်ပြန့်လာပြီး လုပ်ကိုင်ကြသော ဝန်ထမ်းများမှာလည်း သာမန်အားဖြင့် လုပ်ရသော ပရိုမိုးရှင်းမျိုး မဟုတ်ဘဲ Contact ရမှသာလျှင် လုပ်အားခရရှိမည့် အခြေအနေမျိုး ဖြစ်လာသည့်အတွက် လူစည်ကားရာ နေရာများသို့ ချဲ့ထွင် လုပ်ကိုင်ကာ ပရိုမိုးရှင်းစည်းရုံး ခံရသော ပုဂ္ဂိုလ်၏ နှစ်သက်လက်ခံမှုမရှိသည့် တိုင်အောင် အတင်းအကျပ် လုပ်ကိုင်လာကြခြင်း ဖြစ်သည်။ ''အတင်းကို ပရိုမိုးရှင်းလာလုပ်တယ်။ ပြီးတော့ လိပ်စာတွေ အတင်းတောင်းတယ်။ တိုက်ခန်းပေါ်တွေ အတင်းတက်လာပြီး တံခါးတွေ အတင်းခေါက်နဲ့ လာလိမ်မှန်း မသိ၊ ဘာမှန်းမသိ ဒုစရိုက်မှုတွေ ကျူးလွန်မယ့် သူတွေလည်း ဒီလိုအယောင်ဆောင် လုပ်ကိုင်လာနိုင်ပါတယ်'' ဟု အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောသည်။ ကုမ္ပဏီများက ထိုသို့သော နေ့စားဝန်ထမ်းများ ခန့်ခြင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုစရိတ် လျှော့ချရန်ဖြစ်ပြီး အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ပါက ဝန်ထမ်းများ၏ သာရေးနာရေး ကိစ္စများ၊ အခြေအနေ တစ်ခုခုကြုံလာပါက အလုပ်သမားဥပဒေများ နှင့်အညီ ဖြေရှင်းရသော ဖြစ်ရပ်မျိုးကို ကြုံလာနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

ထက်ခိုင်(စမ်းချောင်း)

Read 405 times Last modified on Saturday, 02 September 2017 09:51