SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

Friday, 03 August 2018 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် ရေဘေးသင့် ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေကျပ် ၁၁၄၂၀ဝ၀ဝ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာ စုစုပေါင်း လှူဒါန်းငွေကျပ် ၈၅၈၀ဝ၀ဝ စုစုပေါင်းငွေကျပ်သိန်း၂၀ဝ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Read 219 times Last modified on Friday, 03 August 2018 08:36